Friday 3 March 2017

အိမ်အကူ(ပအိုဝ့်တိုင်းရင်းသူ)လေးကို လူမဆန်စွာ နှိပ်စက်သည့် အိမ်ရှင် ဆရာဝန်နှင့် ဇနီးဖြစ်သူကို ပုဒ်မ ၂ခုဖြင့်ဖမ်းဆီးစစ်ဆေး






အိမ်အကူ(ပအိုဝ့်တိုင်းရင်းသူ)လေးကို လူမဆန်စွာ နှိပ်စက်သည့်
အိမ်ရှင် ဆရာဝန်နှင့် ဇနီးဖြစ်သူကို ပုဒ်မ ၂ခုဖြင့်ဖမ်းဆီးစစ်ဆေး
==================================
၃..၃..၁၇
-
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံ တက္ကသိုလ် အနီး 'ဟိန်းအာကာ' အပ်ချုပ်ဆိုင်တွင် လာရောက် အလုပ် လုပ်ကိုင်နေသော အိမ်အကူ မအေးကျင် (ပအိုဝ့်တိုင်းရင်းသူ)  မိန်းကလေးတစ်ဦးကို နှိပ်စက်
မှုဖြင့် အမရပူရမြို့နယ် တောင်သမန် ကျေးရွာမှ စက်ချုပ်ဆိုင်ပိုင်ရှင်
ဆရာဝန်နှင့် ဇနီးဖြစ်သူကို ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ကာ ရဲစခန်းတွင် ခေါ်ယူ
စစ်ဆေးလျက်ရှိကြောင်း သိရသည်။
-
"ကျွန်မက တခြားကိုတိုင်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ သူ့ကလေး ရေချိုးရင်းနဲ့ချော်လဲတာကို လက်သီးနဲ့ ထိုးတယ်။
-
အကျီင်္အပေါ်ပိုင်းချွတ်ခိုင်းပြီး သူ့ယောကျာ်းနဲ့ ဆက်ဆံခိုင်းပါတယ်" ဟု အိမ်အကူ( မအေးကျင် )ကပြောသည်။
-
အိမ်ရှင်လင်မယားနှစ်ဦးသည် အိမ်အကူမိန်းကလေးအား လက်သီးဖြင့်
ထိုးခြင်း။ ဝါကြိုးဖြင့်ရိုက်ခြင်း၊ ဆံပင်ဆွဲကာ နံရံဖြင့်ပစ်တိုက်ခြင်းများ
ပြုလုပ်ခဲ့ကြောင်း( မအေးကျင် )ကပြောသည်။
-
စက်ချုပ်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို နှိပ်စက်မှုအပါအဝင် ပြစ်မှုပုဒ်မ ၃၂၅၊ ၃၂၆တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။
=======
7Day News

Thursday 2 March 2017

ကျွန်တော်၏ ပိုင်နက်ထဲတွင်ကလေး(၄)ယောက်နဲ့ ခြေတစ်ဖက်ပြတ်လူတစ်ယောက်(ည-12:00)






ကျွန်တော်၏ ပိုင်နက်ထဲတွင်ကလေး(၄)ယောက်နဲ့ ခြေတစ်ဖက်ပြတ်လူတစ်ယောက်(ည-12:00)
=============================
ကလင်းးးကလင်းးးးးး ဖုန်းမြည်သံ နဲ့အတူ
အတွေ့အကြုံများလာတာနှင့်အမျှ မျက်လုံမှိတ်လျက် ဖုန်းကတန်းကိုင်ပြီးသား-------
     ဟဲလို---အမိန်ရှိပါခင်ဗျာ ကျွန်တော် ချောင်းကြီး
အုပ်ချုပ်ရေးမှူးပါခင်ဗျာ  ဘာများကူညီရမလဲခင်ဗျာ
        ထိုအပြီး   ညီလေးရေ အကိုက ရာအိမ်မှူး
ကိုထွန်းပါ ဆိုလာတော့
  မျက်လုံးဖွင့် ဖုန်းနံပါတ်ကြည့်၍ ဟုတ်ကဲ့အကို
ဘာထူးလို့လဲဆိုတော့းးးးးး
   ကလေး(၄)ယောက်နဲ့  ခြေတဖက်ပြတ် လူတစ်ယောက်စကားလည်းဝဲတယ် အကို့အပိုင်ထဲက လမ်းဘေးမှာအိပ်ဖို့ လုပ်နေတာတွေ့လို့ မေးကြည့်
တော့ မိုးလင်းလျှင် ရခိုင် သွားမလို့ပြောနေတယ်
ကလေးတွေကလည်းငယ်ငယ်လေးတွေပဲရှိတယ်
သားအဖတွေလို့ပြောတယ် အိပ်ခွင့်တောင်းနေတယ်
အကို ဘာလုပ်ရမလဲ ညီလေးရေဟုဆိုလာတော့းးးးး
  ဘယ်ကလည်းအကိုလို့မေးတော့ ကျုံရစ်ကလို့
ပြောတယ် မှတ်ပုံတင်တွေလဲပါတယ် စာရွက်စာတမ်းတွေလဲပါတယ် အဲဒါ ညီလေးစီဆီ
သတင်းလှမ်းပို့တာဟု ရာမှူးကပြောလာတော့
  ဒါဆို  ကျုံရစ်ရွာက ဘယ်သူလဲပြန်မေးကြည့်လိုက်အကိုဆိုတော့ အကိုလဲမသိဘူး မတွေ့ဖူးဘူး ပြန်ဖြေလာ
တယ်။
   ဒီတော့ မေးကြည့်အကိုရာ ကျုံရစ်အုပ်ချုပ်ရေးမှူး
နံမည်သိလား သိရင်လဲ ဘယ်သူလဲဆိုတာ မေးကြ
ည့်စမ်းအကိုလို့ ကျွန်တော့်ရာမှူးကို ဖုန်းထဲကပဲ
လှမ်းသင်လိုက်တော့းးးးးးးး ရာမှူးပြန်ဖြေတာက
အုပ်ချုပ်ရေးမှူး ဘယ်သူဆိုတာ မသိဘူးလို့ပြောတ
ယ်ညီလေးရေတဲ့။
   ကျွန်တော် ခေါင်းနည်းနည်းကြီးပီလေ
ကျုံရစ်ရွာသားလဲပြောတယ် ကျုံရစ်အုပ်မှူးကို မသိဘူး
ဆိုတော့ တွေးပြီး အရေးကြီးပြီပေါ့စဉ်းစားပြီလေ
ဒါဆို ခဏစောင့်အကို  ကျွန်တော် အခု ချက်ခြင်း
လာခဲ့ပါမယ်လို့ လှမ်းပြောရင်းးးအော်  အကိုရေ
ကျွန်တော်လာတာ လိုအပ်တာရှိရင် အကူညီပေးဖို့
ပါလို့ ကာယကံရှင်ကိုပြောပေးထားပါဦးနော်လို့
လှမ်းမှာရင်း ဆိုင်ကယ်ပေါ်တက် ချက်ခြင်းထွက်ခဲ့
ပါတယ်။
        ထို နေရာသို့ ရောက်သောအခါးးးးးး
မီးအလင်းအားကောင်းတဲ့နေရာကိုရွေးခြယ်နေရာယူ၍ ထို ပုဂ္ဂိုလ်ကိုခေါ်လာခဲ့ပါအကို ဆိုတော့ ကလေးတွေက အိပ်နေပီ ကလေးတွေပါ နှိုးခေါ်လာခဲ့ရမလား ညီလေး ဆိုတော့ ခလေးတွေကို ခဏထားလိုက်ပါအကိုရာ ထိုလူသာ
ခေါ်ခဲ့ဆိုတော့ ထော်နယ်းးထော်နယ်  လှမ်းလျောက်လာတာ လှမ်းမြင်ရတော့ စိတ်ထဲ
မကောင်း မိဘူး။
     ကဲးးး အကိုထိုင်ဗျားးးးးး ရေနွေးကျမ်း
သောက်ပါဦးဆိုပြီး ခဏ အချိန်ဆွဲ အမောဖြေစေပြီး
ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပေးပြီး မေးပြီပဲ
      ကျွန်တော် ဘာများကူညီရမလဲ  အကိုက ဘယ်ကလဲ အမည်ဘယ်သူလဲ အကို့အကြောင်း
လေးတွေသိမှ ကျွန်တော်ကူညီလို့ရတာဆိုကူညီပေး
လို့ရအောင်ဆိုတော့  ထိုလူ၏ နဲနဲတင်းမာနေသော
မျက်ဝန်းတွေ အရောင်ပျော့သွားခဲ့ပါတယ်။
   ထိုလူက ကျွန်တော်က ---------- တပ်ကပါဗျာတဲ့
ကျွန်တော် ရခိုင်ကို မနက်ပြန်မလို့ ညအချိန်မတော်
ဆိုတော့ ဒီမှာဝင်အိပ်ဖို့ လုပ်နေတာပါတဲ့
    အကိုက ကျုံရစ်ကလား ဆိုတော့ ရောက်နေတာ
၈ လလောက်ရှိပြီတဲ့းးးးမိန်းမက ကျုံရစ်သူပါတဲ့
စာရွက် စာတမ်းတွေ မှတ်ပုံတင်တွေ ထုတ်ပြတော့
အပြန်အလှန်သေချာစီစစ်တော့ တပ်ကဆိုတာ
ကြိမ်သေပြီ။ ကျုံရစ်သားမဟုပ်လေတော့ကိုယ့် စိတ်ထဲမှာလည်း အော် ဒါကြောင့် ကျုံရစ်အုပ်မှူးဆိုတာမသိတာဖြစ်မယ်ပေါ့တွေးရင်းပေါ့။        
  ဒါပေမယ့် ကျုံရစ်သူဆိုတဲ့ မှတ်ပုံတင်
အရှေ့က ၁၄/ညတန(နိုင်)ဖြစ်နေရမဲ့အစား အခြား
မြို့ အမည်ဖြစ်နေတော့ ကျုံရစ်သူဆိုတာ လွဲတော့
လွဲနေတာနဲ့ စီစစ်စရာများရှိတာ ဆက်လက်စီစစ်၍
ကဲ အကိုဒီမှာ ရေနွေးကျမ်းလေး သုံးဆောင်ပါဦးဗျာ
ကျွန်တော် အကိုရဲ့ ခလေးတွေ အိပ်နေတာ သွား
ကြည့်လိုက်ပါဦးမယ်ဆိုပြီး ၄င်းမှတ်မုံတင်ကဒ်အား
အိပ်ထဲ ကောက်ထဲ့၍  အခြားကျေးရွာတွင်းက
ဆယ်မှူးများနဲ့ ကလေးတွေအိပ်နေတဲ့စီချဉ်းကပ်၍၁၃
 နှစ်ခန့်အကြီးဆုံး သားယောက်ျားလေးကိုနှိုး၍
သား အမည်l ဘယ်မှာနေလဲ သားဘယ်နှစ်တန်း
လဲဆိုတော့ သားက ၇ တန်းဖြေပြီးပီတဲ့ ok ဒါဆို
သားအဖေ နံမည်lအမိအမည် lဖိုးအမည်တွေ မေး
တဲ့အခါ ခလေးဖြေတာနဲ့ မှတ်ပုံတင် စာရွက်စာတမ်း
ထဲကနဲ့တထပ်တည်းဆိုတော့ စိတ်ပူမိတာတွေ
လျော့ကြခဲ့တယ်။
         ကလေးနဲ့ခေတ္တစကား ပြောရင်းနွေးထွေး
ရင်းနှီးစေမယ့် စကားလုံးများနဲ့ ပြောဆိုဆက်ဆံရင်း
   သားတို့ ဘယ်သွားမှာလဲ ဆိုတော့ ဖေကြီးခေါ်
လာတာတဲ့းးးးးးး ဘာဖြစ်လို့လဲ သားလေးဆိုတော့
ညနေက မေမေနဲ့စကားများရန်ဖြစ်ကြတယ်ပေါ့ဗျာ
ok ဒါဆို ကိုယ်တွက်လို့ရပြီး သားပြန်အိပ်တော့ပေါ့
ပြောပြီး စောင်ချုံပေးခဲ့က  ၄င်း ဖခင် ခြေတဖက်ပြတ်ထံ သို့ ပြန်လျောက်ရင်း ကလေးတွေမြေပြင်ပေါ်အိပ်နေတာကြည့်၍ ရင်ထဲကို ဆိုနင့်စွာခံစားခဲ့ရပါတယ်။အငယ်ဆုံးသမီးလေးက မိခင်နို့မပျက်သေးဘူးဆိုတာလဲ သိလိုက်ရပါတယ်။းးးးးးးးး
  ဒီဖြစ်စဉ်မှာ ငါဘယ်လိုကူညီရမလဲ ဆိုတာ
ခေါင်းထဲ တန်းစီတွေးရင်း  ထိုလူရှိရာ ပြန်လျောက်ခဲ့ပါတယ်။
   ကဲအကိုဘယ်လိုဖြစ်ပြီး ရခိုင်ပြန်ဖို့ဖြစ်လာတာလဲ
အစချီဆွေးနွေးရင်း အလုပ်  လုပ်၍ပင်းပန်းကာ
အရက် တစ်ရာဖိုး သောက်မိ၍ ဇနှီးနဲ့စကားများကာ
စိတ်ဆိုး၍ မွေးရပ်မြေ ရခိုင်ပြည် သို့ပြန်ရန် ထွက်လာရင်း ခုလို မိုးချုပ်၍ အိပ်ဖို့လုပ်ရကြောင်း
၎င်းမှ ရှင်းပြပါသည်။
       ထိုချိန်ကျွန်တော့် အတွေးများတန်းစီ၍
ခြေတဖက် မိုင်းထိ၍ စွန့်လွှတ်ကာ တိုင်းပြည်အတွက် ပြည်သူအတွက် ဘဝကိုပေးဆပ်
လို့ဆေးပင်စင်နဲ့ မိသားစု ဘဝတစ်ခု၏မပြေလည်မှု့
ငွေ ၁၀၀ိ ၏တန်ဖိုး ထို ငွေ ၁၀၀ ရာသည် မိသားစု
စားဝတ်နေရေးအတွက် အရေးကြီးကြောင်း သုံးသပ်မိခဲ့တယ် ။
        ကဲ  အကို  ကျွန်တော် ပြောမယ်ဗျာ
ခင်ဗျဟာ စစ်သားဖြစ်တယ် ကျွန်တော်သိထားတဲ့
စစ်သားတွေဟာ တိုင်းပြည်ကိုချစ်တယ် အမိန့်နာခံ
နိုင်စွမ်းရှိတယ် အမှားအမှန်ကို ခွဲခြားပြလို့ သိတဲ့အခါ လက်ခံနိုင်စွမ်းလည်းရှိကြပါံတယ်အဲဒါ ဟုပ်လားဗျာဆိုတော့ဟုပ်ပါတယ်တဲ့။



၁။ခင်ဗျရဲ့ ဇနှီးဟာ အိမ်ထောင်ရေးဖေါက်ပြန်တာ မဟုပ်ဘူး။ခင်ဗျဟာ အိမ်ထောင်ရေးဖေါက်ပြန်တာ
မဟုပ်ဘူး။

၂။ခင်ဗျ ဟာ ငွေကို အလွဲသုံးစားလုပ်တာ
မဟုပ်ဘူး ပင်ပန်းမှု့ကို အလွန်နည်းပါးတဲ့ ငွေ ၁၀၀
နဲ့ ဖြေသိမ့်မိခဲ့တယ်။ခင်ဗျ ဇနှီးဟာ ချွေးနဲစာ ငွေ
၁၀၀ ကိုမိသားစုအတွက် မတ်မောတယ်
ဒါဟာ ဇနှီးကောင်းဖြစ်တယ်။

၃။ခင်ဗျရဲ့ဇနှီးဟာ မီးဖိုးချောင်ရဲ့ သခင်ဖြစ်တယ်
ဒီခေတ်ထဲ မှာ ငွေ ၁၀၀ ကိစ္စဟာ ရယ်စရာဖြစ်ချင်သူတွေအတွက် ရယ်စရာဖြစ်ပြီး
၇ တန်းကျောင်းသားရှိပြီး ခလေး ၄ ယောက်နဲ့
ခြေတဖက်စွန့်လွှတ်ထားရတဲ့ ယောကျာ်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိန်းမ
တစ်ယောက်အတွက် ငွေ ၁၀၀ ဟာ မီးဖိုချောင်အတွက် ခလေး မုန့်ဖိုးအတွက် အရေးပါတယ်ဆိုတာ အကိုနားလည်ပေးလိုက်ပါဗျာ

၎။ခင်ဗျဟာ တိုင်းပြည်ကိုချစ်လို့ ခြေတတဖက်ကို
တောင်စွန့်လွှတ်ခဲ့ရတယ်တိုင်းပြည်ကိုတောင်ချစ်ရင်
ဇနှီး မိသားစုကိုချစ်ရမယ်။
  တကယ်ချစ်တယ်ဆိုရင် ကျွန်တော်ပြောတာ
ခင်ဗျ လက်ခံနိုင်မှာပါ။


၅။ခင်ဗျတို့ စစ်သားတွေဟာ ကိုယ့်ကိုကိုယ်
မချစ်တက်သူတွေလဲဖြစ်ပြီး အများကိုချစ်တက်သူ
တွေလဲဖြစ်ပါတယ်။
   
၆။ခင်ဗျဟာနိုင်ငံရဲ့ သားကောင်း အဖြစ် လူတိုင်း
မလုပ်နိုင်တဲ့ ပေးဆပ်စွန့်လွှတ်ခြင်းဆိုတာကိုခံယူပြီး
လုပ်ပြခဲ့ပြီးပီ
  ခင်ဗျ လုပ်ပြဖို့ တစ်ခုပဲကျန်တော့တယ်ဗျ ဆိုတော့
တချိန်လုံးနားထောင်နေတဲ့ ခေါင်း  မော့လာခဲ့တယ်
  အဲဒါ မိသားစုကိုချစ်ရမယ် မည်သို့သော် မိသားစုမှာအခတ်အခဲတွေ ရှိစေဦးတော့ သားသမီး
၎ ယောက် သူတို့ဘဝတွေ အတွက် ခင်ဗျ တို့
လင်မယားစိတ်ဆိုးကွဲကွာဖို့ မစဉ်းစားပါနဲ့ဗျာ
မိသားစုတွေ အစဉ်မပြေတာတွေလည်းရှိနေမယ်
တိုင်းပြည်အတွက်ပေးစပ်နိုင်တဲ့ ခင်ဗျရဲ့စိတ်ဓာတ်
တွေဟာ မိသားစုအတွက် ပေးစပ်နိုင်မယ်ဆိုတာ
ခင်ဗျ ဟာစစ်သားမို့ ယုံကြည်စွာကျုပ် ပြောတာပါလို့
ပြောလိုက်တော့ ခေါင်းမငြိမ့်ခေါင်းမခါ တွေတွေကြီး
ငြိမ်နေလေရဲ့ဗျာ။


ထပ်ပြောလိုက်တယ် ခင်ဗျ အရွယ် ခင်ဗျဇနှီးအရွယ်တွေ နောက်မိန်းမယူလည်းရတယ် နောက်ယောက်ျားယူလည်းရတယ်။နောက်သားသမီး အစားထိုးယူလည်းရတယ်ဗျ
မရတာက ဟောဟိုမြေကြီးပေါ်မှာအိပ်နေတဲ့
ခင်ဗျရဲ့သား ၇ တန်းကျောင်းသားလေး နောင်တချိန်တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းမဖြစ်ဘူးလို့မပြောနိုင်တကဲ့လေးနဲ့  အမေနို့တွယ်၍ အိပ်နေရမယ့်၉လသမီးလေးနဲ့
မောင်နှမ ၄ ယောက်က အဖေ အမေ ဆိုတာ
အစားထိုးယူလို့မရဘူးဆိုတာ ခင်ဗျ နားလည်ပါ။

   ကျွန်တောာ်ကတော့ နားလည်တယ်
ကျွန်တော် ၅ တန်းနှစ်မှာ အဖေ နဲ့ အမေကွဲကွာခဲ့ရပြီး ပြည့်စုံတဲ့ မိသားစုဘဝကိုဆုံးရှုံး
ခဲ့တဲ့ သားသမီးတွေ ရင်ဆိုင်ဖြတ်သန်းရတဲ့ ဘဝနဲ့
ခံစားချက်ကို ကောင်းကောင်းသိလို့ ကိုယ်ရင်းစာလို့
ခင်ဗျကို ကျွန်တော် မေတ္တာရပ်ခံရှင်းပြတာဖြစ်တယ်

  ထပ်ပြောမယ် ခင်ဗျ ဇနှီးစီ အခုပြန်ပါ
ကျွန်တော် ဆိုင်ကယ်တွေစီစဉ်ပြီး လိုက်ပို့ပေးမယ်
ခင်ဗျဟာ စစ်သားကောင်းဆိုရင် ကျွန်တော် အခုပြောတာ အမိန့်ဖြစ်တယ်။
      ဆိုတော့ မတ်ခနဲ ကိုယ်ကိုမတ်၍
လေးစားပါတယ်အုပ်ချုပ်ရေးမှူးဟု စကား
တစ်ခွန်းထပြော၍ ခြေတဖက်အားပြုထောက်ကာ
မတ်တက်ထရပ်ပြီး ကျွန်တော်ခုပြန်ပါမည်ဟု
တောက်ပသောမျက်ဝန်းတွေနဲ့ကျွန်တော့်ကြည့်ကာ
ချာကနဲဆို မြေကြီးပေါ် အိပ်စက်နေသော သားသမီး

တို့ရှိရာကို ထောက်ကြွ ထောက်ကြွ ခြေလှမ်းများဖြင့် လှမ်းလျောက်သွားပါတော့တယ်
ထိုခြေလှမ်းများသည် မိသားစုအနာဂတ်ရဲ့ သစ်လွင်
တောက်ပမြန်စန်သော လှပသောခြေလှမ်းများဟု
ကျွန်တော့်အနေဖြင့် မှတ်ယူမိပြီး
      တာဝန်သိ၍ တာဝန်ရှိသော ကျွန်တော်၏
ရာအိမ်မှူးဘက် လှည့်ကာ ကဲ အကို
ကူညီလက်စနဲ့ဆိုင်ကယ် ၃ စီးစီစဉ်၍ လိုက်ပို့ကြရအောင်ဗျာဟု ပြောလိုက်တဲ့အချိန်မှာ
ဆိုင်ကယ်တွေကအသင့်ဖြစ်နေပီး ဥက္ကဌ မလိုက်ပါနဲ့တော့  အိပ်ရေးပျက် တနေကုန်လည်း
အလုပ်တွေကများနဲ့ ပင်ပန်းနေပါပြီတဲ့
ကျွန်တော်တို့ တာဝန်ထားပါ စိတ်ချပါဟု ပြော၍
ထို ပုဂ္ဂိုလ် သားဖ ၅ ယောက်အား ဆိုင်ကယ်ပေါ်
တင်၍ ထွက်ခွါသွားကြပါတော့သည်။

 မျိုးဆက်
အုပ်ချုပ်ရေးမှူး
ချောင်းကြီးကျေးရွာအုပ်စု
09 782727207
2-3-2017(ည 12:00




အချိန်မီသေးတယ် Thailand




အချိန်မီသေးတယ် Thailand
------------------------------------
မတရားအကွက်ဆင်ပြီး သေဒဏ်ပေးနိုင်ခဲ့လို့ 
မင်းတို့ နိုင်သွာပြီလို့  ထင်သလား

မြန်မာနိုင်ငံကို သိက္ခာချလိုက်တယ်ဆိုပြီး
မင်းတို့ ပျော်နေလား

မှားသွားပြီ

ဗုဒ္ဓက သိက္ခာဆိုတာ
ချတဲ့သူသာ ကျတာ တဲ့
တကယ်တော့
မင်းတို့ နိုင်ငံသာ သိက္ခာကျသွားတာပါ
မင်းတို့ လည်း ဗုဒ္ဓဘာသာဝင် နိုင်ငံပါ
ုမြန်မာဆိုတာလည်း ဗုဒ္ဓဘာသာဝင်နိုင်ငံ ပါ
ဗုဒ္ဓအယူ ကိုယူလို့  ဗုဒ္ဓဘာသာလို့  ခေါ်ကြတာလေ
မေးကြည့်မယ်
ဗုဒ္ဓက
ဆိတ်ကွယ်ရာ မရှိလို့ ဟောထားတာမဟုတ်ဘူးလား
မမှန်တဲ့ အမှု့တခုကို လူတွေကိုသာ ဖုံးကွယ်လို့ ရမယ် မင်းတို့ ဖုံးကွယ်လို့ မရတာတွေ အများကြီးရှိပါတယ် ပြီးတော့ အမှန်တရားဆိုတာ
ရေ ရှည်ဖုံးကွယ်လို့ ရမယ်ထင်ရင် မင်တို့  မှားသွားလိမ့်မယ်
တကမ္ဘာလုံးက အာရုံစိုက်နေတဲ့ ဒီအမှု့ကို
သက်သေမခိုင်လုံပဲ မတရား စီရင်ချက် ချခဲ့ရင်
Thailand ဆိုတဲ့ မင်းတို့ နိုင်ငံရဲ့ ဂုဏ်သိက္ဓာ
ကမ္ဘာကို ဘယ်လို မျက်နှာပြမလဲ
ဂုဏ်သိက္ခာနဲ့  ရုပ်ဝတ္တု
ဘာကအရေးကြီးတာလည်း ?
ဗုဒ္ဓဘာသာဆိုရင် မင်းတို့  သိမှာပါ
ထိုင်းဘုရင် နဲ့  ထိုင်းမင်းသမီးတို့  အစိုးရပိုင်း
အကြီးအကဲတွေဟာ ကမ္ဘာမှာ နာမည်ပျက်
မရှိခဲ့ပါဘူး
မင်းတို့ ရဲ့ ဘုရင်ကို မင်းတို့  ဘယ်လောက်ထိ
တန်ဘိုးထားလည်း မင်းတို့ အသိဆုံးပါ
မင်းတို့ ရဲ့ အပြုအမူကြောင့် မင်းတို့ ရဲ့ဘုရင်
သိက္ခာအကျခံနိုင်ပါ့မလား
သားသမီးမကောင်း
မိဘ ခေါင်းတဲ့လေ
မော်စီတုန်း မရှိတော့ဘူး
ဒါပေမဲ့ တရုတ်ပြည်သူတွေရင်ထဲမှာ
ခုထိ သူမသေသေးဘူး
ဂန္ဓီ မရှိတော့ဘူး
ဒါပေမဲ့ အိန္ဒိယ နိုင်ငံရဲ့ ပြည်သူတွေရင်ထဲမှာ
သူ့ အခုထိ ရှိသေတယ်
ဟိုချီမင်းမရှိတော့ဘူး
ဒါပေမဲ့ ဗီယက်နမ် ပြည်သူတွေရင်ထဲမှာ
အခုထိရှိသေးတယ်
ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ဘူး
ဒါပေမဲ့ မြန်မာပြည်သူတွေရင်ထဲမှာ
ခုထိရှိသေးတယ်
မင်းတို့  Thailand နိုင်ငံမှာရော
မှတ်ကျောက်အတင်ခံနိုင်တဲ့ ခေါင်းဆောင်မျိုး
မရှိသင့်ဘူးလား
ခေါင်းဆောင်ပိုင်းတွေ လက်ထက်မှာ
နိုင်ငံအချင်းချင်း အမဲစက်မရှိခဲ့လို့ 
ဂုဏ်သရေ ရှိစွာနဲ့  ရပ်တည်နိုင်ခဲ့တယ်
လူသာသေသွားတယ် ခုထိ နာမည်တွေ
မသေသေးဘူး
အဲဒီခေါင်းဆောင်တွေဟာ နိုင်ငံတိုင်းက
လေးစားရတဲ့ ခေါင်းဆောင်တွေပါ
တကမ္ဘာလုံးက လေးစားရတဲ့ ခေါင်းဆောင်တွေပါ
အခု
Thailand နိုင်ငံရဲ့ အပြုအမူ ဂုဏ်သိက္ခာကို
ကမ္ဘာကစောင့်ကြည့်နေပြီ
ဘာလုပ်မှာလဲ ?
ထိုင်းဘုရင်နဲ့  ထိုင်းမင်းသမီးဆိုတာ
ကမ္ဘာက လေးစားရတဲ့သူတွေပါ
အခု ထိုင်းနိုင်ငံရဲ့ ခေါင်းဆောင်တွေ
အစိုးရပိုင်းတာဝန်ရှိသူတွေရဲ့ ဂုဏ်သိက္ခာပိုင်းကို
မြန်မာလူငယ်နှစ်ဦးက စမ်းသပ်နေပြီ
မတရားအမှု့စီရင်မယ်ဆိုရင်
ဘုရင်တပါးရဲ့ သိက္ခာ
နိုင်ငံ့အကြီးအကဲတွေရဲ့ သိက္ခာ
ကမ္ဘာ့အလယ်မှာ ခေါင်းမဖေါ်ရဲလောက်အောင်
ဖြစ်သွားလိမ့်မယ်ထင်တယ်
Thailand နိုင်ငံရဲ့ သမိုင်းစာပေတွေကို
နောင်မျိုးဆက်သစ်တွေ သင်ယူတဲ့အခါ
ခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာပိုင်းကို
ရဲရဲဝံ့ဝံ့ စာပေတွေမှာ သင်ရဲပါ့မလား
Thailand နိုင်ငံသားတွေ ဘယ်နိုင်ငံကိုပဲ
သွားသွား အထင်သေးတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံရတော့မယ်
ဗုဒ္ဓက အမှန်တရားကိုဖုံးကွယ်လို့ မရဘူးလို့ 
ဟောထားတယ်လေ
တကယ်တော့
Thiland နိုင်ငံကိုတင် သိက္ခာကျစေတာမဟုတ်ပါဘူး
ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်တဲ့အတွက်
ဗုဒ္ဓဘာသာကိုပါ သိက္ခာကျစေတယ်ဆိုတာ
သတိထားစေချင်ပါတယ်
ဗုဒ္ဓတရားတော်အရ
ဆိတ်ကွယ်ရာမရှိတဲ့အတွက်
အမှား အမှန်ဆိုတာ
တနေ့ ကျရင် မဖြစ်မနေ သိရမှာပါ
အဲဒီနေ့ ကျမှ
Thailand ဆိုတာ
ဂုဏ်သိက္ခာမရှိတဲ့ နိုင်ငံပါလို့ 
ကမ္ဘာက စွပ်စွဲရင်
စိတ်မဆိုးပါနဲ့ 
မော်စီတုန်းတို့  ဂန္ဓီတို့  လီနင်တို့  ဟိုချီမင်းတို့ 
ဗိုလ်ချုပ်အောင်ဆန်း တို့  လို
ဂုဏ်သရေ ရှိခေါင်းဆောင်တွေ စာရင်းမှာ
Thailand နိုင်ငံက ဘုရင်တွေ ခေါင်းဆောင်တွေပါဖို့ အချိန်မီပြင်လိုက်ပါလို့ 
သတိပေးချင်ပါတယ်

ဦးမြင့်ခိုင်

အိမ်အကူ(ပအိုဝ့်တိုင်းရင်းသူ) လေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက် နေမှု နိုင်ငံတော် အစိုးရ သိစေရန် နှင့် အမြန်ဆုံး ကူညီကယ်တင် ပေးပါရန်





အိမ်အကူ(ပအိုဝ့်တိုင်းရင်းသူ) လေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက် နေမှု
နိုင်ငံတော် အစိုးရ သိစေရန် နှင့် အမြန်ဆုံး ကူညီကယ်တင် ပေးပါရန်
==================================
၃..၃..၁၇
-
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရတနာပုံ တက္ကသိုလ် အနီး 'ဟိန်းအာကာ' အပ်ချုပ်ဆိုင်တွင် လာရောက် အလုပ် လုပ်ကိုင် နေသော အိမ်အကူ မအေးကြင် (ပအိုဝ့်တိုင်းရင်းသူ)  အဖ ဦးအိုက်နွမ်း (ကွယ်လွန်)
အမိ ဒေါ်အေးကြွယ် လာရှိုးမြို့နယ် နမ့်မွန်း ကျေးရွာတွင် နေထိုင်သူ အိမ်အကူ မိန်းကလေးအား ဆိုင်ရှင်ဖြစ်သူ ( ဒေါက်တာဦးအိုက်စံ ဇနီး ဒေါ်ဆောင်း )တို့မှ နှိပ်စက် ညှင်းပန်းနေ သည်ဟု တာဝန်သိ ပြည်သူ တစ်ယောက် မှ လာရောက် တိုင်တန်းသဖြင့် တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်စိန် နှင့် အဖွဲ့မှ သွားရောက် ကယ်တင်၍ မိန်းကလေးအား လုံခြုံသော နေရာတွင် ထိန်းသိမ်းစောင့်ရှောက် ထားပါသည်။
-
ဖြစ်စဉ်မှာ။     ။
~~~~~~~~~
ဦးအိုက်စံ နေအိမ်တွင် အိမ်အကူအဖြစ် တစ်လ လျှင် ကျပ်ငွေ ငါးသောင်း ငါးထောင်ဖြင့် လာရောက် လုပ်ကိုင် နေသည်မှာ သုံးလခန့် ရှိပြီဟု သိရ
ပါသည်။  စတင် ရောက် ရှိသော လတွင် ပျော်ရွှင်အောင် ထားသော်လည်း နောက်ပိုင်း တွင် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ခြင်း ကို ခံခဲ့ရပါသည်။
-
ညှင်းပန်းနှိပ်စက်မှုများ ။     ။
~~~~~~~~~~~~~~~~
ပိုင်ရှင်ဖြစ်သူ ဦးအိုက်စံမှ လက်သီးဖြင့် ထိုးခြင်း, ခြေထောက် ဖြင့် ကန်ခြင်း , ပါးရိုက်ခြင်း, ရေဇလုံထဲတွင် မျက်နှာနစ်၍ အသက်ရှူ၍ မရအောင် ပြုလုပ်ခြင်း, လက်ကို အပ်ဖြင့် လေးခိက်စိုက်၍ ပလာရာဖြင့် ဆွဲနှုတ် ခြင်း, ဒူးခေါင်းကို အပ်ဖြင့်စိုက်ပီး တူနှင့် အချက်ပေါင်း များစွာ ရိုက်နှက်ခြင်း, မျက်နှာကို အဝတ်စည်း၍ မော်တာ မောင်းထားသော ရေပိုက်ဖြင့် ထိုးနှက်ခြင်း, ဆံပင်
ဆွဲ၍ နံရံနှင့် တိုက်စေခြင်း, ဝိုင်ယာကြိုးဖြင့် ရိုက်နှက်ခြင်း, တာယာဖိနပ်ဖြင့် ပါးရိုက်ခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။
-
မဖွယ်မရာ ပြုလုပ်ရန် ခိုင်းစေခြင်း ။     ။
~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီးငယ်အား အိမ်ရှင်အမျိုးသမီးမှ ခန္ဓာကိုယ် အပေါ်ပိုင်း အား ကိုယ်လုံးတီးချွတ်၍ အိမ်ရှင် အမျိုးသား၏ ရှေ့တွင် ပြသခြင်းကို ခံခဲ့ရပါသည်။ ဝိုင်ယာကြိုးဖြင့် ရိုက်နှက်၍ ငိုမိသောအခါ ပီနံအိတ်ထဲ ထည့်ပီး ရေနစ် သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ အမျိုးသမီးငယ်၏ မိဘများမှာ မိခင်သာရှိ၍ စားဝတ် နေရေး မပြေလည်သူများ ဖြစ်ကြပါသည်။
-
ယခုဖြစ်စဉ်အား အမရပူရ မြို့နယ် ရဲစခန်းတွင် (၂၈.၂.၂၀၁၇ )ရက်နေ့တွင် သွားရောက် တိုင်တန်း ခဲ့သော်လည်း အိမ်ရှင်ဖြစ်သူ အမျိုးသားအား ခေါ်ယူ စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရှိရပါသည်။
-
ယခုကဲ့သို့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှု ဖြစ်စဉ်အား အများသိစေရန် ဝိုင်းဝန်း ကုညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။
-
ယခုဖြစ်စဉ်အား ကျွှန်တော် ကိုယ်တိုင် ကာယကံရှင် အမျိုးသမီးငယ်နှင့်
၃..၃..၁၇ ( မနက် - ၁း ၀၀ )နာရီ အချိန်သွားရောက် တွေ့ဆုံပြီး
လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးနေပါသည်။
-
သတင်းမီဒီယာများ ဆက်သွယ်မေးမြန်းလိုပါက
(  နိုင်ရဲဝေ )၀၉-၉၇၂၂၂၂၀၀၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
==============
( ပေးပို့လာသူ ) - မနီနီဝေ

Tuesday 28 February 2017

ဦးဝီရသူ postအောက်မှာ ခုပဲအဲ့လိုသွား မန့်လာတယ်..အသဲနာလို့..ကိုယ်ကိုးကွယ်တဲ့ သာသနာထဲမှာ ဒါ သံဃာတဲ့လား😡😡😡😡 *********************************



ဦးဝီရသူ postအောက်မှာ ခုပဲအဲ့လိုသွား
မန့်လာတယ်..အသဲနာလို့..ကိုယ်ကိုးကွယ်တဲ့
သာသနာထဲမှာ ဒါ သံဃာတဲ့လား😡😡😡😡
************************************

အဲ့ဒီ့ လူသတ်သမားတွေကြောင့်
ဖခင်ကို ဆုံးရှုံးရတဲ့သူတွေ
ခင်ပွန်းကို ဆုံးရှုံးခဲ့ရတဲ့ ဒီလို
အပြစ်မဲ့ တဲ့ သူတွေ အတွက်ရော
အဲ့ဒီ့လူသတ်သမားတွေကို
ဦးဝီရသူ ဂုဏ်ယူပါသလား ?
ကျေးဇူးတင်ပါသလား?

နောက်တစ်ခု ဦးဝင်းခိုင်ဦး မသိတာပြောပြမယ်
အဲ့ဒီ့ လူသတ်သမားတွေ သတ်လိုက်တဲ့ ဥပဒေ
ပညာရှင် ဦးကိုနီဟာ ၁၉၈၂မြန်မာနိုင်ငံ
သားဥပဒေ ..မပယ်ဖျက်ရေး ကိုဦးတည်ပြီး
ဘင်္ဂလီလိုခိုးဝင်တွေကိုနိုင်ငံသားမဖြစ်အောင်
ကာကွယ်ပေးနေသူဆိုတာပါပဲ.

မျိုးချစ်ဆိုသူတွေထက် ဘာသာမတူပေမဲ့
တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို
သူတတ်ထားတဲ့ပညာနဲ့ကာကွယ်ပေးနေသူပါ

နောက်ဆုံးတစ်ချက် ပြောပါ့မယ်
ရဟန်းဆိုတာ ၂၂၇ သွယ်သော
သိက္ခာပုဒ်တွေ ထိန်းရပါတယ်
ခုတော့ အဲ့ဒီ့ ရဟန်းသိက္ခာမပြော
နဲ့ လူပုဂ္ဂိုလ်တွေစောင့်ထိန်းတဲ့
ငါးပါးသီလ မှာမှ ပထမဆုံးရှောင်
ကျဉ်ကြောင်းဖြစ်တဲ့ ပါဏာတိ ပါတ
ကျူးလွန်သူများ ကို ..ဂုဏ်ပြုချီးကျူး
ကျေးဇူးတင်ပြနေခြင်းဟာအဲ့ဒီ့ ပါဏာတိ
ပါတ မှု ကို အားပေးအားမြှောက်ပြုခြင်းပါ..
စာဖြင့်ရေးသားခြင်းအားဖြင့် ကာယကံ
မနောကံနဲ့ ဘုရားရှင်ရှောင်ကျဉ်ခိုင်းသော
သီလကို ..ဘုရားနဲ့ဆန့်ကျင်၍အားပေးချီးကျူး
ကျေးဇူးတင်ခြင်းပါ...

ဒါကို ဘုရားသားတော်ရဟန်းဆိုသူကစာဖြင့်
ရေးပြခြင်းဟာ အင်မတန်မှ ရှက်ဖွယ်လိလိပါ
ဘုရားအဆုံးအမနဲ့ဆန့်ကျင့်ဘက်
ရေးသားပြီးဗုဒ္ဓဘာသာဝင်များကိုငရဲပေးခြင်းသပ်သပ်ပါ...

ဒီလိုပြည်သူတစ်ရပ်လုံး ..အထိတ်
တလန့်ဖြစ်စေသော လူသတ်သမားများ
ကို ဂုဏ်ပြုနေသော
ဦးဝီရသူအား မည်သို့ မည်ပုံ
action ယူမလဲဆိုတာ
ပြည်သူတစ်ယောက်အနေနဲ့ ရော
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနှင့်ရော
စောင့်ကြည့်ပြဇေ...

(1)သာသနာပိုင်ဆရာတော်ကြီးများ
(2)သာသနာရေးဝန်ကြီး
(3)cyber police များ

လာဖတ်စေချင်ပါတယ်..

သာသနာ သန့်ရှင်းဖို့လဲတောင်းဆိုပါတယ်..

Chit Manaw(KHL)

ZN.H

Tuesday 21 February 2017

လက်ပံတန်းမြို့ မော်တော်ယဉ်ရုံက ဒီအတိုင်ပဲနေတော့မှာလား





YBS 55 နဲ့ 37 လိုင်းဝင်ထားတဲ့ လက်ပံတန်း က ဇောင်မင်းဦး ကားတွေတော်တော် လူပါးဝလာပြီး ရန်ကုန်က YBS 37 ကိုစီးလာတယ် မင်္ဂလာဒုံ  အထိ YBS 55 က လာစောင့်ပြီး ကားချိမ်းစီးခိုင်းတယ် ...ထောက်ကြံရောက်တော့ ဥက္ကံ ပြန်မယ် ခရီးသည်တွေ ကို ၁၅၀၀ ထပ်တောင်းတယ် မပေးရင် တစ်ခြား 55 ကိုပြောင်းစီးတဲ့..လူပါးလာဝနေတယ် ပဲခူးတိုင်းက ကားတွေက ရန်ကုန်တိုင်း မော်တော်ယှဉ်လိုင်း 55 လိုင်းကိုဝင်ပြီး  55 လမ်းကြောင်းက ခရီးသည်တွေ ကို မတင်ခြင်ဘူး .....ကြုံဖူးတိုင်း ရှယ်ပေးကြပါတော်တော်လူပါးဝတဲ့ ကားတွေ

လက်ပံတန်းမြို့ မော်တော်ယဉ်ရုံက ဒီအတိုင်ပဲနေတော့မှာလား

လက်ပံတန်း သတင်း (၂)







2/22/2017
    သို့/
    နိုင်​ငံ​တော်​အတိုင်​ပင်​ခံအ​မေစုနှင့်​တကွသမ္မတရုံးမှတာဝန်​ရှိလူကြီးများအားလုံးစိတ်​ချမ်ဿးသာကိုယ်​ကျမ်းမာနဲ့ပြုံး​ပျော်​နိုင်​ပါ​စေ​ကြောင်းစုမွန်​​ကောင်း​တောင်းလိုက်​ရပါတယ်​ခင်​ဗျာ။
    ပဲခူးတိုင်းသာယာဝတီခရိုင်​လက်​ပံတန်းမြို့နယ်​မကျီးကွင်းအုပ်​စုပိုင်​ကွင်းအမှတ်​(၁၁၄၉)အတွင်းကျူး​ကျော်​လုပ်​ကိုင်​​နေသူ(၁၃)ဦးနှင့်​ဌာနဆိုင်​ရာတို့ပူး​ပေါင်းကာတရားမဝင်​​ရောင်းစားထားပါသည်​။၎င်းအ​ပေါ်အုပ်​စုတွင်းပြည်​သူများမှလက်​မှတ်​​ရေးထိုး၍အကြိမ်​ကြိမ်​တိုင်​ကြားခဲ့ပါသည်​။ထို့အတူအစိုးရသစ်​သိရှိ​စေရန်​လဲ(၁၁၊၉၊၂၀၁၆)ရက်​​နေ့တွင်​လူထုဆန္ဒ​ဖော်​ထုတ်​ပွဲကိုလဲပြုလုပ်​ခဲ့ပါသည်​။
    သို့​သော်​လဲယ​နေ့အချိန်​ထိစုံစမ်းစစ်​​စေးမူများမရှိခဲ့ပါ။မကျီးကွင်းအုပ်​စုပိုင်​စားကျက်​​မြေအတွင်းအား၎င်းတို့မှကျွဲ၊နွှားမ​ကျောင်းရဟုအမိန့်​ထုတ်​ထားပါသည်​။သက်​ဆိုင်​ရာအဖွဲ့အစည်းများမှစုံစမ်းစစ်​​စေးပြီးကျွဲ၊နွှားစားကျက်​​မြေအဖြစ်​ပြန်​လယ်​သတ်​မှတ်​​ပေးပါရန်​ပြည်​သူများကိုယ်​စားအသိ​ပေးတိုင်​ကြားအပ်​ပါသည်​ခင်ဗျား။

လက်ပံတန်းသား တစ်ယောက်ရဲ့ပေး ပို့လားတဲ့ သတင်း
တစ်ပုဒ်ပါ
လက်ပံတန်းမြို့ပေါ်က တာဝန်ရှိသူများ အမြန်ဆုံဖြေရှင်ပေး
စေချင်ပါတယ်