Sunday 4 December 2016

"ဟေ့ကောင် ငါ ဗိုလ်မှူးအငြိမ်းစားနော်" တဲ့ ကြည့် ဘာမှတောင်မပြောရသေးဘူး


ဝင့်ဝါမော်ကြွား အသိပညာနည်းပါးသည့်လူသား
*********************************
"ဟေ့ကောင် ငါ ဗိုလ်မှူးအငြိမ်းစားနော်" တဲ့
ကြည့် ဘာမှတောင်မပြောရသေးဘူး
ကားလေးတားမိတာနဲ့တန်းပြောတာ ငါဗိုလ်မှူးအငြိမ်းစားနော်တဲ့ ဝိတ်သုံးတဲ့သဘောလား ခြောက်လှန့်လိုက်တဲ့သဘောလားတော့မသိ
"ဟုတ်ကဲ့ ဗိုလ်မှူးခင်ဗျာ လိုင်စင်နဲ့ဝှီးတတ်လေး ပြပေးပါဗျ"
ထိုလူကအမောင်းလိုင်စင်ထုတ်ပြတယ် ဝှီးတတ်ကတော့မပါဘူးတဲ့
ဝှီးတက်ပါမလာဘူးဆိုတော့ ထုံစံအတိုင်းကျွန်တော်ကတော့ ယာဉ်တစ်စီးမှာပါလာရမဲ့ လိုင်စင်ဝှီးတတ်တို့အကြောင်းရှင်းပြမိတယ်
မပါလာခဲ့ပြန်ရင်လဲ ချလန်လေးတွေဖြတ်ကြရပီး သက်ဆိုင်ရာရုံးမှာပြန်လည်ရွေးယူရမဲ့အကြောင်းရောပေါ့
" မင်းချလန်ဖြတ်မလို့လား"
"ဟုတ်ကဲ့ဗိုလ်မှူးခင်ဗျ တပည့်တို့ဒီလိုတာဝန်ထမ်းဆောင်ရတာပါဗျ"
"မင်းဖြတ်စရာမလိုဘူး ငါ ဖုန်းဆက်မယ်"
ထိုသူဖုန်းဆက်တယ် ကျွန်တော်စောင့်နေပေးပါတယ် ဘာမှတော့ထူးူမလာပါဘူး
" မင်းတို့ကိုဝှီးတတ်မပါရင်ချလန်ဖြတ်ဖို့ ဘယ်သူကခိုင်းတာလဲ" တဲ့
"ဗိုလ်မှူးခင်ဗျာ ဒါချမှတ်ထားတဲ့ဥပဒေပါခင်ဗျာ"
"ဒါဆိုသတင်းစာထဲကနေငြော်ငြာလေ" တဲ့
ဒါတော့နည်းနည်းများသွားပီ ကျွန်တော်ကိုတင်မဟုတ် လည်ပတ်နေတဲ့စည်းကမ်းစနစ်ကိုပါအပြစ်ပြောချင်တဲ့သဘော
ဆက်ပြောနေရင်လဲဆန့်ကျင်ဘက်တွေချည်ပဲ ဖြစ်လာမှာမို့လို့ကျွန်တော်မြိုသိပ်နေလိုက်တယ်
ဒါပေမဲ့ချလန်လေးတော့ရေးလိုက်ပါပီ
ထိုလူကဆက်ပြောတယ်
" နောက်ခန်းမှာဘယ်သူလဲသိလား"
"ခင်ဗျာ"
"နောက်မှာ ဒုဝန်ကြီးအငြိမ်းစားကွ မင်းချလန်ဖြတ်ချင်ရင် ဒုဝန်ကြီးနာမည်နဲ့ဖြတ်"
" ဗိုလ်မှူးကလက်ရှိယာဉ်မောင်းသူပါခင်ဗျ ယာဉ်မောင်းသူမှာ တာဝန်ရှိတာပါဗျ"
" မင်းဖြတ်ချင်ရင် ဒုဝန်ကြီးနာမည်နဲ့ဖြတ်" တဲ့
ကျွန်တော်ရေးပီးသားချလန်လေးကို ကားထဲ ထည့်ပေးလိုက်တယ် တော်ပီလေပေါ့ ရှင်းလေရှုပ်လေလုပ်နေသူမို့ ဆက်မပြောချင်တော့ပါဘူး အခြားကားတွေဘက်စစ်ဖို့ထွက်ခဲ့လိုက်တယ်
မကြားပါဘူ ထိုလူလိုက်လာတယ်
" ငါ့ရဲ့လိုက်စင်မင်းယူထားတာလား"
ု" ဟုတ်ကဲ့ ရုံးမှာစောစောကချလန်နဲ့ ပြန်ရွေူးရမှာပါဗျ"
"ငါကရန်ကုန်ကကွနောက်တစ်ခေါက်မလာနိုင်ဘူး မင်းမှာအဲ့လိုလုပ်ပိုင်ခွင့်ရှိလားကွ" တဲ့
ဲကဲ နည်းနည်းမဟုတ်တော့ဘူး များသွားပီဗျာ
သီးခံနှိမ့်ချလို့ ဆက်ဆံနိုင်တဲ့အတိုင်းအတာ ဘောင်ကျော်သွားပါပီ

" ခင်ဗျားကဗိုလ်မှူးအငြိမ်းစားလား"
"အေး"
"ဒါကခင်ဗျားအပြောလေ ထားပါဗိုလ်မှူးအငြိမ်းစားတစ်ယောက်ဖြစ်ခဲ့ပါလျှက်နဲ့ ဒီလောက်လေးတောင် လေ့လာမှု အသိပညာနည်းလှချည်လား လက်ရှိနိုင်ငံတော်မှာ ဘယ်လိုစည်းကမ်း ဘယ်လိုဥပဒေတွေနဲ့ ဆောင်ရွက်ကျင့်သုံးနေတယ်ဆိုတာလောက်ကိုမှ ခင်ဗျားလေ့လာမထားဘူးလား
ပြောတော့ဗိုလ်မှူးအငြိမ်းစား ကားလေးမောင်းတာလောက်တောင် စည်းမရှိ ကမ်းမရှိ ဟိုရာထူးနဲ့ခြောက် ဒီရာထူးနဲ့ခြောက် စည်းကမ်းမဲ့သူခြောက်တဲ့စကား ဘယ်သူမှ အကြောက်တရားမရှိတော့ဘူးဆိုတာခင်ဗျားမှတ်ထား"
ကျွန်တော်အသံလေးနည်းနည်းကျယ်လာတော့ ကားပေါ်ကအခြားသူတွေပါဆင်းလာကြတယ်
ဒါပေမဲ့မျက်နှာထားတွေကတော့ ဒီလူနဲ့တခြားစီ
ပြောမှတော့မထူးဘူးဆိုပီး အရင်ကပြောခဲ့တဲ့စကားတွေကိုပါတစ်ခုချင်းပြန်ဖြေပြောပစ်လိုက်တယ်
ဗိုလ်မှူးဆိုပီးမထမဝိတ်သုံး
ဒုဝန်ကြီးအငြိမ်းစားဆိုပီးဒုတိယခြိမ်းခြောက်
ကျွန်တော်ကမကြောက်တတ်တဲ့အပြင် ကိုနားလည်တဲ့ဘာသာရပ်မို့ ကလောင်သွားထက်ထက်တွေနဲ့ ပြန်ထိုးနပ်ပါတယ်
နည်းနည်းလျှော့သွားတယ်
ပိုပျော့လာတယ်
ညှင်ညှင်သာသာလေးဖြစ်သွားတယ်
ငါ့ညီတဲ့
တော်ပါဗျာ လို့
ကားပေါ်ကအမကြီးကတော့ အမတို့ဘယ်အချိန်မှာရွေးလို့ရပါသလဲတဲ့ ယဉ်ယဉ်လေးမေးတာပါ
ငါ့အမရေ ရုံးဖွင့်ရက်ကြိုက်တဲ့အချိန်သွားရွေးပါ
မောင်လေးတို့မှာ အများနဲ့တာဝန်ထမ်းဆောင်ရတာမို့ လုပ်ငန်းသဘောလေးကိုနားလည်ပေးပါနော်အမ လို့

ဒါ ဒီနေ့အတွေ့အကြုံလေးပါ
သူငယ်ချင်းတွေဒီစာလေးဖတ်ပီး စကားအပြောအဆိုအတွက် ရွေးချယ်တတ်စေချင်ပါတယ်  ယဉ်ယဉ်ကျေးကျေးပြောလဲဒီပါးစပ် ကြမ်းကြမ်းတမ်းတမ်းပြောလဲဒီပါးစပ်
ချိုချိုလေးစပြောလဲဒီပါးစပ်
မာထန်ထန်စပြောလဲဒီပါးစပ်ပဲလေ
လူဆိုတာ သူသူကိုကို ချိုချိုလေးပြောတာကြိုက်ကြတာမို့ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ချိုချိုသာသာပြောဆိုဖြေရှင်းကြရမယ်လေ
နောက်တစ်ခုက
ရာထူးနိမ့်တဲ့အောက်ခြေဝန်ထမ်းဆိုတာ အထက်လူကြီးတွေရဲ့ နွေးထွေးတဲ့ဆက်ဆံရေးကို သိပ်မျှော်လင့်တာ
အေးမြတဲ့စကားလေးတစ်ခွန်းပြောထားခဲ့ရင် ကြည်နူးပီတိဖြစ်လို့ကိုမဆုံးနိုင်ဘူးလေ
ဒါကြောင့် ဒီ post ရဲ့သာဓကလေးကိုယူပီး
မှာယွင်းတဲ့ဖြေရှင်းနည်း မှားယွင်းတဲ့ဆက်ဆံရေးကို ရှောင်လွှဲနိုင်ပါစေ
အမှားသရုပ်ပြဆက်ဆံဖြေရှင်းသွားတဲ့ ဗိုလ်မှူး(အငြိမ်းစား)ကို ကျေးဇူးတင်ရင်း အဆိုး အကောင်း ခွဲခြားမှတ်ယူနိုင်ပါစေ

ယခုလောက်ဆိုလျှင်အဆိုပါဗိုလ်မှူးအငြိမ်းစားသည် ကျွန်တော်ရေးပေးလိုက်သည့်ချလန်အား ကြည့်ရှုကာ ဒေါသထွက်နေမည်လား အမှန်မြင်နိုင်မည်လား ကျွန်တော်မသိ ကျွန်တော်ကတော့ ထိုအဖြစ်အပျက်အား မှတ်တမ်းတင်ဖမ်းယူထားသည့် ကားအတွင်းမှ cctv မှတ်တမ်းလေးအားပြန်လည်ကြည့်ရှုလျှက်..
( နေပြည်တော် ရွှေစည်တော်ဘူဖေးအနီး 11:05 အချိန် 4.12.2016 sunday)
                 ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
                                 4.12.2016

လေယာဉ်မှူးကြီးကိုကိုထွန်းဝင်းရေးတဲ့ မက်ခဲ့တဲ့အိပ်မက် (သို့) Nov ၃၀ တဲ့



ခံစားကြည့်ပေးပါ
==============
လေယာဉ်မှူးကြီးကိုကိုထွန်းဝင်းရေးတဲ့ မက်ခဲ့တဲ့အိပ်မက် (သို့) Nov ၃၀ တဲ့
=================================================
နောက်နေ့ဖလိုက် 8M231 ရန်ကုန်-စင်္ကာပူ ခရီးစဉ်မောင်းဖို့အတွက် ၂၉ ရက်နေ့ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခဲ့ဘူး .. နိုးလိုက်အိပ်လိုက် အတွေးလေးတွေဝင်လိုက်နဲ့ .Nov ၃၀ ရက်နေ့မနက်ဖလိုက်သွားဖို့
ဖယ်ရီကားပေါ်မှာစီးရင်းလဲ စိတ်လှုပ်ရှားပျော်ရွှင်မှုဖြစ်နေတာကို
သတိထားမိခဲ့တယ်.,
ဒီလိုနဲ့လေဆိပ်ရောက် လိုအပ်တဲ့စာရွက်စာတမ်းတွေစစ်ပြီးလေယာဉ်ဆီကို
သွားတော့ ပုံမှန်ချဉ်းကပ်တံတားနဲ့မဟုတ်ပဲ လှေကားနဲ့တက်ရတဲ့နေရာကနေ
ထွက်ခွါရမှာဖြစ်လို့ကားနဲ့လေယာဉ်ဆီကိုချီတက်လာခဲ့တယ် ..ဖလိုက်အတွက်ပြင်ဆင်စရာပြင်၊ Purser ( လေယာဉ်မောင် မယ်ခေါင်းဆောင်)ကလဲ Ready ပြောတော့
ရိုးရိုးတန်းခရီးသည်တင်ထားလိုက်တယ်..

Delegation အဖွဲ့တွေနေရာယူပြီးချိန်မှာလှေခါးအောက်ကိုဆင်းပြီး အမေ့ကိုကြိုဆိုခဲ့တယ်.,
အားလုံးနေရာယူပြီးတဲ့အချိန်လေယာဉ်တံခါးမပိတ်ခင် အမေ့ဆီသွားပြီး
"လမ်းတလျှောက်ရာသီဥတုကောင်းမွန်ပါတယ်အမေ"လို့တင်ပြတော့
"Flight Time ဘယ်လောက်လဲသား "လို့ပြန်မေးတာနဲ့
"၂ နာရီမိနစ် ၄၀ ကြာပါမယ်အမေ" ဆိုတော့
" ကောင်းတယ် အိပ်လို့ရတာပေါ့" လို့ပြန်ပြောပြီး နောက်ကအမျိုးသမီးလေးဆီကိုလှမ်းပြီး
"သမီးခေါင်းအုံးလေးပေးပါ" လို့တောင်းသံကြားလိုက်တယ်.,

ဒီလိုနဲ့လေထဲရောက်တော့ Purser က မောင်းခန်းထဲလာပြီးကျွန်တော်တို့ ပိုင်းလော့ ၂ ယောက်ကို
မနက်စာလာကျွေးတယ် ., သူမကိုမေးတော့ အမေအိပ်နေတယ်တဲ့.,
ဒါနဲ့ သူမကိုပြောလိုက်တယ်.,

# အဲဒါဆိုနောက်ကအဖွဲ့တွေကျွေးမွေးနေချိန် ဖြစ်နိုင်ရင်အသံမထွက်ဖို့
# အဝင်အထွက်သိပ်မများဖို့
# လေယာဉ်မောင်းခန်းထဲကိုလာ ရင် Call button မနှိပ်ဖို့. မော်နီတာဗီဒီယို အမြဲလိုကြည့်ပေးမှာဖြစ်တဲ့
အတွက် လက်ကလေးပဲထောင်ပြဖို့ (Call button နှိပ်ရင် တီတီတီတီ ဆိုတဲ့အသံမြည်လို့)
# မောင်းခန်းကထွက်ရင်လဲတယောက်လိုက်ပိတ်ပေးမှာဖြစ်တဲ့အကြောင်း ( Bullet Door ကလော့ကျဖို့
နဲနဲလေးအားနဲ့ဆွဲပိတ်ရတော့ ဂျိုင်းခနဲအသံမြည်မှာစိုးလို့)
# ပါလာတဲ့အဖွဲ့တွေကိုအမြန်ကျွေးပြီးရင် ရှေ့ဘက်ကိုမီးပိတ်ထားပေးဖို့ညွှန်ကြားပေးလိုက်တယ်.,
(ရိုးရိုးတန်းခရီးသည်တွေကတော့နောက်က Crewအဖွဲ့ကကျွေးတာ၊ ရှေ့နဲ့လိုက်ကာလဲပိတ်ထားတာ
ဆိုတော့ No problem)

မကြာမကြာ နောက်ဘက်ကို မော်နီတာဗီဒီယိုနဲ့ကြည့်တော့ ဝင်လိုက်ထွက်လိုက်ကျွေးမွေးနေတာတွေ့တယ်..,
ဒီရက်ပိုင်းအအေးမိလည်ချောင်းနာနေတော့ရေသောက်များပြီး အဲဒီဖလိုက်မှာကိုယ်လဲအပေါ့သွားရတာ
၂ ခါတောင် ., အိမ်သာတံခါးအသံမမြည်အောင်ပိတ်., ချောက် လို့မြည်တတ်တဲ့ Lock ကိုထိန်းပြီးပိတ်၊ ရေဆွဲချတာတောင်အသံမြည်တာနဲအောင်အဖုံးပိတ်ပြီးမှဆွဲချ ..အဲလိုနဲ့ ၁ နာရီ ၂၀မိနစ် လောက်မောင်း
လာရင်းနဲ့ နောက်က ဖုတ်ဆိုအသံကြားတော့ "ဟာ သွားပြီ" ဆိုပြီး ရင်ဘတ်ဖိရင်းမော်နီတာဗီဒီယို
ကြည့်တော့လေယာဉ်မယ်လေး ၂ ယောက်ကျသွားတဲ့ပစ္စည်းကောက်နေတာလှမ်းတွေ့ရတယ်.,

ဒါနဲ့အပြင်ထွက်ပြီး Purser ကိုတော်ပြီမကျွေးတော့နဲ့ ဖြစ်သမျှငါတာဝန်ယူတယ်လို့ပြောပြလိုက်တယ်.
(သူတို့လဲ အကောင်းဆုံးဧည့်ခံကျွေးမွေးချင်စိတ်ပါ ., သို့ပေမဲ့ အမေစုနှစ်နှစ်ခြိုက်ခြိုက်အနားယူ
အိပ်စက်ဖို့က လဲပိုအရေးကြီးတယ်လို့ကျွန်တော်ကခံယူမိတယ်)

ခဏနေတော့ Purser လာပြောတယ်, ကျွေးတာပြီးသလောက်ဖြစ်နေပါပြီ.မီးလဲအမှေင်ချထားပါပြီလို့
လာပြောတယ်., ခဏနေနောက်ဘက်သွားကြည့်တော့ ရှေ့ခုံတွေထိုင်တဲ့အမေနဲ့အဖွဲ့သားအားလုံး
အိပ်နေကြတာတွေ့ရတယ်.,

လေယာဉ်ကအမြင့်ပေ ၃၉၀၀၀ မှာပျံတယ် နဲနဲလှုပ်တာနဲ့အရှိန်လျှော့ ရာသီဥတုကလဲအတော်
ကောင်းပါတယ်., တိမ်အနဲအကျဉ်းပဲရှောင်ရတယ်.,

ဒီလိုနဲ့ ၃၉၀၀၀ ကဆင်းခါနီးပုံမှန် PA (Pax Announcement )လုပ်ရမဲ့အချိန်လောက်မှာ Purser
ကိုအမေစုနိုးနေပြီလားမေးတော့ အိပ်နေပါတယ်တဲ့ အမေစုအိပ်နေသလား
တရားမှတ်နေသလားတော့ကျွန်တော်မသိဘူး အနှောင့်အယှက်ဖြစ်မှာစိုးလို့ ပုံမှန်ထက်နောက်ကျပြီး
ပေ ၂၀၀၀၀ လောက် မိုင် ၇၀ လောက်အလိုမှ PA လုပ်လိုက်တယ်., PA လုပ်ပြီးလို့ Purser ကကောင်းကောင်းကြားရကြောင်းသတင်းပို့တော့ အမေ နိုးသွားပြီလားဆိုတော့ နိုးနေပါပြီတဲ့.,

အနဲဆုံးတော့ ၂ နာရီကျော်လောက်ကောင်းကောင်းအနားယူအိပ်စက်နိုင်ခဲ့တယ်လို့ထင်ပါတယ် ..
အသက် (၇၀) ကျော်အမေအိုကြီးကျွန်တော်တို့ပြည်သူတွေအတွက်မမောနိုင်မပန်းနိုင်အလုပ်လုပ်
ပေးနေရတာပင်ပန်းလှပါတယ် ..

ကျွန်တော်တို့အရွယ်လူငယ်တွေတောင်ခရီးသွားရင်ပင်ပန်းတတ်လာပြီ.,
ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော့ဖလိုက်မှာ အမေစုအတွက် ကျွန်တော်တို့အဖွဲ့အကောင်းဆုံးတော့
လုပ်ပေးခဲ့ပါတယ် .. အိပ်စက်အနားယူပြီးအားအင်ပြည့်ဖြိုးနေတဲ့အမေကိုအဆင်းမှာနှုတ်ဆက်
လိုက်ပါတယ် 😊

အဲဒီနေ့ဖလိုက်အတွက်ကူညီလုပ်ကိုင်ပေးခဲ့ကြသော ကျွန်တော့လက်ထောက်လေယာဉ်မှူးနဲ့
လေယာဉ်မောင်မယ်အဖွဲ့သားများ၊ မြေပြင်ဝန်ထမ်းများအားလုံး၊ လုံခြုံရေးဝန်ထမ်းများအားလုံးကိုလဲ
ကျေးဇူးတင်ပါတယ်.,

Tun Tun Win
၁-၁၂-၂၀၁၆

Saturday 3 December 2016

ကျွန်တော်ကြည်လင်းပါ


ကျနော်ကြည်လင်းပါ

ဤပိုစ့်သည်မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုချင်းမရှိပါ ဘောလုံးကန်တဲ့သူတစ်ယောက်ရဲ့ခံစားချက်ကိုရင်ဖွင့်ရချင်းပါ

မြန်မာ့လက်ရွေးစင်အတွက် ဒဏ်ရာရတဲ့အချိန်မှလွဲ၍ ၇နှစ်တာပါဝင်ကစားခဲ့ပါတယ်

အခုညာဘက်ခြေထောက်အရိုးအက်နေလို့ကျောက်ပတ်တီးစီးထားတာသုံးလကျော်ရှိပါပီ နောက်ထပ်နှစ်လလောက်လည်းထပ်စီးထားရအုံးမှာပါ

ကျနော်ဆူဇူကီးဖလားမှာမပါနိုင်ပေမဲ့ ကျနော့်ညီငယ်လေးတွေ သူငယ်ချင်းတွေကိုအားပေးချင်လို့ အုပ်စုပထမဆုံးဗီယက်နမ်နဲ့ကန်တဲ့နေ့မနက် စီးထားတဲ့ကျောက်ပတ်တီးကို ကိုယ့်ဘာကိုယ်ဖြုတ်ပစ်လိုက်ပါတယ်

ဘောလုံးကွင်းကိုအလာမှာဂိတ်ပေါက်မှာတင် ကားယူခွင့်မပေးလို့အပြင်မှာထားခဲ့ရပါတယ် ကျနော်လမ်းသိပ်လျှောက်လို့အဆင်မပြေပါဘူး ကျနော်ဝင်တော့အဲ့ဂိတ်ပေါက်ကပဲလက်မှတ်မပါလို့ပေးမဝင်ပါဘူး ကျနော့်လက်မှတ်ကအထဲရောက်မှရမှာပါ အဲ့နားမှာစကားပြောနေတုန်းဘေးကပရိတ်သတ်တွေကကူညီပေးလို့ဝင်လို့ရခဲ့ပါတယ်

ထိုနေ့ကစပီး အုပ်စုနောက်နှစ်ပွဲကိုကျနော်သွားကြည့်လို့အဆင်မပြေလို့ TVကပဲအားပေးခဲ့ရပါတယ် ကျောက်ပတ်တီးလဲပြန်စီးလိုက်ပါပီ
ဒီတလောအတွင်းလက်မှတ်ကူညီပေးတဲ့ဆရာတွေကိုလဲကျေးဇူးတင်ပါတယ်

ကျနော်Car Pass ရုံးတွေကိုတောင်းပါတယ် မရပါဘူး
ကျနော်သူများအကူအညီမယူချင်တဲ့သူပါ အခုကအခက်အခဲဖစ်နေလို့အကူအညီတောင်းရတာပါ

ကျနော်ဗီယက်နမ်နဲ့ပွဲလာတုန်းကတွေ့ပါတယ် ရုပ်ရှင်မင်းသားမင်းသမီးတွေ အဆိုတော်တွေ ဘာတွေညာတွေ Car Pass လေးတွေအသီးသီးနဲ့အထဲကိုဝင်သွားကြပါတယ်

ကျနော်တို့လိုဘောလုံးကန်တဲ့သူတွေကိုဒီလိုအသေးအဖွဲကိစ္စလေးတောင်မရခဲ့ပါဘူး
အရမ်းခံရခက်ပီး ခံစားရပါတယ်

ကျနော်ခြေထောက်ပြန်ကောင်းတဲ့နေ့လက်ရွေးစင်ပြန်ပါအုံးမှာပါ

ကျနော်ကြည်လင်းပါ

P.S သူငယ်ချင်းတွေညီလေးတွေ ထိုင်းနဲ့ပွဲ နိုင်ပါစေကွာ 💪🏻💪🏻💪🏻

#KyiLin #MFFG

ခရမ်းမြို့နယ်တွင် အမျိုးသမီးနှစ်ဦး အသတ်ခံရ



ခရမ်းမြို့နယ်တွင် အမျိုးသမီးနှစ်ဦး အသတ်ခံရ

ရန်ကုန် ဒီဇင်ဘာ ၂

ခရမ်းမြို့နယ် မောင်းမကျေးရွာ တွင် ဒီဇင်ဘာ ၂ ရက် နံနက် ၇နာရီ ၄၅ မိနစ်က ဦးအုန်းဝင်း၏ နေအိမ် ရှိ သမီးဖြစ်သူနှင့် တူမဖြစ်သူတို့ နေအိမ်၏ အပေါ်ထပ်တွင် ဒဏ်ရာ များဖြင့် သေဆုံးနေသည့်အတွက် ခရမ်းမြို့မ ရဲစခန်းသို့အကြောင်းကြား ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် ကမာမတ်ရဲကင်းစခန်းမှူးတို့ သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မဆုနှင်းဝေ (၂ဝနှစ်)နှင့်မစန္ဒာဝင်း(၂၈နှစ်)တို့ဖြစ် သည်။ အဆိုပါသေဆုံးသွားသူ နှစ်ဦးအား ခရမ်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ထားပြီး ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီး နိုင်ရေးအတွက် ခရမ်းမြို့မရဲစခန်းကဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဓါတ်ပုံ - facebook
Myanmaalinn

Friday 2 December 2016

ဗိုလ်ချုပ်ပြောဖူးတယ် .. တစ်နှစ်အတွင်းကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေးရစေရမယ် .. လို့


ဗိုလ်ချုပ်ပြောဖူးတယ် .. တစ်နှစ်အတွင်းကျွန်တော်တို့
နိုင်ငံ လွတ်လပ်ရေးရစေရမယ် .. လို့

စဉ်းစားကြည့် .. သူ့ဟာ ကြိုပြီးသိနိုင်မြင်နိုင်တဲ့ အကြား
မြင်ရထားသူမှမှမဟုတ်တာ .. ဒါဆိုသူဘာကြောင့်အဲလို
ပြောနိုင်သလည်း ..?

အဖြေကရှင်းရှင်းလေးရယ်
သူလုပ်ဆောင်ခဲ့သမျှလုပ်ရပ်တိုင်းကိုသူယုံတယ်
ယုံကြည်ရလောက်အောင်လည်း စွမ်းဆောင်နိုင်တဲ့အရည်
ချင်းရှိလို့ သူရဲရဲကြးပြောရဲတာပေါ့

သူပြောတဲ့အတိုင်း တကယ်လည်း ..တစ်နှစ်အတွင်းလွတ်
လပ်ရေးရခဲ့တာ သက်သေပဲ့

အခုဗိုလ်ချုပ်သမီး ကျွန်တော်တို့ခေါင်းဆောင်  ဒေါ်အောင်
ဆန်းစုကြည် က ..နောက်အနှစ် ၂၀ အတွင်း စင်္ကာပူ ကို
ကျော်ရမယ်လို့ ပူပူနွေးနွေးပြောသွားတယ်

ပြောရဲမှာပေါ့ ..သူမဟာလည်း သူယုံကြည်တဲ့အတိုင်း
စွမ်းဆောင်နိုင်တဲ့ အရည်ချင်းရှိတာကိုး

မယုံမရှိနဲ့ အဲဒီစကားက အံ့ဩစရာမဟုတ်ဘူး
သက်သေပြစရာအများကြီးထဲကတစ်ခုလောက်ပဲပြမယ်

ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင် သတင်းဌာနတခုရဲ့အင်တာ
ဗျူးတစ်ခုမှာ ..

အမေး .. လက်ရှိရွေးကောက်ပွဲမှာ ရွေး,ကော် အနေနဲ့မျှတ
စွာသမာသမတ်ကျကျဆောင်ရွက်ပေးမယ်လို့ကြေညာထား
တာသိရတယ် .. တကယ်လို့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး
ပါတီက အနိုင်ရသွားခဲ့မယ်ဆိုရင် ..ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ ဘယ်လိုမှတ်ချက်ပေးမှာလည်း .. လို့မေးတော့

ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖြေက ..ရွေးကောက်ပွဲကော်
မရှင်ကသာ တရားမျှတစွာသမာသမတ်ကျကျဆောင်ရွက်
ပေးခဲ့မယ် ဆိုရင် .. အဲဒီလိုရလာတ်မျိုး ဘာလို့ထွက်လာရ
မှာလည်း ... တဲ့

တကယ်လည်း ရွေးကောက်ပွဲမှာ NLD အပြတ်သတ်အနိုင်
ရခဲ့တယ်

ကျွန်တော်တို့ NLD နဲံ့ ဒေါ်အောင်ဆန်းစုကြည် ကိုအကြွင်းမဲ့
ယုံကြည်ထောက်ခံသူတွေတောင် အခုလို အပြတ်သတ်အနိုင်
ရလိမ့်မယ်လို့လုံးဝမမျော်လင့်ထားခဲ့ဘူးဆိုတာအမှန်ပါ

ပြောချင်တာက ..အခုနှစ် နှစ်ဆယ်အတွင်း စင်္ကာပူ ကိုကျော်
ရမယ်လို့ပြောတဲ့စကားအပေါ် ဝေဖန်နေသူ ပျက်ရယ်ပြုနေသူ
တွေကိုပြန်ကြည့်လိုက်

ရွေးကောက်ပွဲမတိုင်ခင် သူတို့ခေါင်းဆောင်တွေက ကျွန်တော်
တို့ပါတီ အပြတ်သတ်နိုင်ရမယ်လို့ကြွေးကြော်နေကြပြီး
တကယ်တမ်းမှာတော့ စောက်ရှက်ကွဲအောင်ရှုံးကြတဲ့ခေါင်း
ဆောင်တွေအောက်က သူတို့ကိုယ်တိုင် တစ်မဲမှ မရတဲ့ ..

အများစုက လွတ်တော်ထဲ ထိုင်ခုံတစ်နေရာမှ မရတဲံ့ ဥမကွဲ
သိုက်မပျက် ကြတဲ့ပါတီကသူတွေချည်းပဲ့

ဒါကြောင့်ပြောတာ အသိဥာဏ်မရှိတဲ့ ဆင်ချင်တုံတရားမဲ့တဲ့
ခွေး ဆိုတဲ့အမျိုးက အူနေ ဟောင်နေရမှ အနေသာတဲ့အမျိုး
ပါ ..ဘာအသံကြားကြား အူနေမှာပဲ့

နောက်ဆုံး နတ်လူ သာဓု ခေါ်ဖို့ ထုတဲ့ ကြေးစည်သံကြားရင်
တောင် အူနေတတ်သေးတာ.. အပြစ်လို့ဘယ်ပြောနိုင်မလည်း

ဒါကြောင့် ကိုယ့်လူတွေ ..ကိုယ့်ခေါင်းဆောင်ရဲ့အရည်ချင်းကို
ယုံရင် ..ကိုယ့်တာဝန်ကိုယ်ကျေပြီးယုံယုံကြည်ကြည်နဲ့ နောက်
လိုက်ကောင်းဖြစ်အောင်ကြိုးစားလျောက်စေချင်တယ်

အူသံ ဟောင်သံ တွေကြောင့် အိပ်ရေးအပျက်မခံကြနဲ့
နောက်လည်း ဆက်အူ ဆက်ဟောင် နေကြမှာသေချာတယ်

ဒါကြောင့် ကိုယ့်လူတွေ အာရုံ မနောက်ဖို့ အကြံတစ်ခုပေး
လိုက်မယ်

နောက်သူတို့ အူသံကြားရင် လေသာတဲ့ဖက်ကနေ ပုဆိုးလေး
ထမိန်လေး မ' ပြီး ယပ် ဟပ်ကာသာနေပြလိုက်ကြ

အေးဆေးပေါ့ ... !!!

😜😜😝

credit  Soe Moe Tay Zar  >>>

အမေ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆု

.  
 

 *  စာပေ အဆိပ်  ၊  မီဒီယာ အဆိပ်  *
         ======================

         အမေ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ငြိမ်းချမ်းရေး နိုဗယ် ဆုကို ပြန်ရုပ်သိမ်းပါ ၊ ပြန်ရုပ်သိမ်းပါ နဲ့  အော်လာခဲ့တာ  မြန်မာနိုင်ငံ ထဲက ဖွတ်တွေရော မျိုးဂိ တွေရော ၊ ပြည်တွင်း ကုလားရော ၊ ပြည်ပကုလားတွေရော  ဆိုတော့ ကျွန်တော် ရှင်းပြဖို့
အချက်အလက်တွေ လိုက်ရှာ လိုက်တာ နဲနဲတော့ ရလာတယ် ။
          ဒီနေ့ မြန်မာနိုင်ငံ ထဲက ဖွတ်တွေ ၊ မျိုးဂိတွေကို
အဆိပ်ခတ် လိုက်တာ စစ်လော်ဘီတွေပါ ။ အဲဒီ အထဲမှာ
USA က ဒေါက်တာ ဥာဏ်အောင် နဲ့ အခြားလူတွေပါတယ် ။
          ကုလားတွေ အတွက် ဒေါက်တာ အေးချမ်းတို့
ဌေးလွင်ဦး တို့  ဘင်္ဂလီ ရွှေမောင် တို့ ပါတယ် ။
          ကျွန်တော် လေ့လာ မိသလောက် ကတော့
အခြေခံ လူတန်းစား မြန်မာ တွေ  Internet Online
ကောင်းကောင်း သုံးစွဲ လာနိုင်တာ  2012 . 2013 လောက် မှာပါ ။ လေ့လာ နိုင်ပါတယ် ။
           2011 နဲ့ ရှေ့ပိုင်း Internet  Online ၊  Facebook တွေ သုံးတဲ့ သူတွေဟာ
ပိုက်ဆံ ရှိ အသိုင်းအဝိုင်း နဲ့  အစိုးရပိုင် ဌာနဆိုင်ရာ အသိုင်းအဝိုင်းတွေ ပါပဲ ။
နိုင်ငံခြား ကနေ နိုင်ငံရေး သွေးထိုး ခဲ့တာ ၊ အဆိပ်ခတ်ခဲ့တာ  မြန်မာနိုင်ငံ မငြိမ်မသက် ဖြစ်မှ
အနေအစား ချောင်တဲ့ လော်ဘီ တွေ ကြောင့်ပါပဲ ။
           အဲဒီ အထဲမှာ အစိုးရလော်ဘီ တွေ ပါသလို ၊
ဘာသာရေး လူမျိုးရေး သွေးထိုးတဲ့ လော်ဘီတွေ အများကြီး တွေ့ရပါတယ် ။
            2012 မှာ ဦးသိန်းစိန် နိုဗယ်ဆု ရ မရ ဆိုတဲ့
မေးခွန်း တွေနဲ့အတူ  လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာ
RFA ရဲ့  Facebook သတင်းပါပဲ ။ ( စကင်ရှော့ နဲ့ ပုံ တင်ထားပါတယ် )
          ဒီလို နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် ၊ သွေးထိုး ခဲ့ကြ တာ အခုဆိုရင် ပြည်တွင်းလော်ဘီတွေတောင်
တော်တော် များလာပါပြီ ။
          အဆိုးဆုံးက  မိမိ နိုင်ငံသားတွေ ဆင်းရဲနေတာ ၊
စိတ်မချမ်းမသာ ဖြစ်နေတာ ၊ မငြိမ်းချမ်းတာတွေကို
လှစ်လျှူရှူပြီး  သူတို့သာ နေရာရဖို့ ၊ သူတို့သာ ကောင်းစားဖို့  အတွေးတွေနဲ့  ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
အမေ ဒေါ်အောင်ဆန်းစုကြည်ကို  ပြောင်ပြောင်တင်းတင်း တိုက်ခိုက် လာခဲ့ကြတာပါပဲ ။
          ငြိမ်းချမ်းရေး နိုဗယ်ဆု ဆိုတာ လွယ်လွယ်နဲ့လဲ မပေးသလို ၊ လွယ်လွယ်နဲ့ လဲ မရပါဘူး ။
    ဆု ရွေးချယ်ရေး အဖွဲ့ဟာ သေသေချာချာ စီစစ်ပြီးမှ
ပေးရတာပါ ။ ဒါကို နိုဗယ်ဆု အကြောင်းလေးတောင် မသိပဲ  မိုက်ကယ်လ် အဲရစ် ရဲ့  သွားရောက် အသနားခံမှူကြောင့် ဆု ရရှိတာပါ ၊ ဘာညာနဲ့ ပေါက်ကရ ပြောဆို နေကြတာဟာ စာပေ အဆိပ်မိတာပါပဲ ။
          ALFRED  NOBLE  ဆိုတာ သိပ္ပံပညာရှင် တစ်ယောက်ပါ ။  ပထမဆုံး ဒိုင်းနမိုက် ကို တည်ထွင်ခဲ့သူပါ ။ သူတည်ထွင်တဲ့ ဒိုင်းနမိုက်ကြောင့်
လူတွေ အများကြီး သေဆုံးတာကို နောင်တ ရပြီး
သူ့ ဘဝ သက်တမ်းတစ်လျှောက် ရှာဖွေရသမျှကို
ပြန်ပြီး အလျော်ပေးခဲ့တာပါ ။
         1901 ခုနှစ် မှာ စတင်ပြီး နိုင်ငံအချင်းချင်း
လူမျိုး အချင်းချင်း ချစ်ကြည်ဖို့ ၊ ကိုယ်ကျိုးစွန့်သူတွေကို
ချီးမြှင့်ခဲ့ပါတယ် ၊ နည်းပညာ အားဖြင့် အကျိုးပြုသူတွေကို
လည်း ချီးမြှင့် သလို ၊ လူမှုရေး စွမ်းဆောင်သူတွေ ကိုလည်း ချီးမြှင့်ခဲ့ပါတယ် ။
           အခု ဆိုရင် အမေ ဒေါ်အောင်ဆန်းစုကြည် ဟာ
သူ့ရဲ့  ငြိမ်းချမ်းရေး နိုဗယ်ဆု ကို ပညာရေး အတွက်
မြန်မာနိုင်ငံ ရဲ့ နိုင်ငံ ဂုဏ်ဆောင်ပြီး  လှူဒါန်းပြီးပါပြီ ။
************************
            ငြိမ်းချမ်းရေး နိုဗယ်ဆု ရှင်တစ်ယောက်
မြန်မာနိုင်ငံ မှာ ပေါ်ပေါက် ခဲ့ဖူးပါတယ် ဆိုတာ
ကျွန်တော် တို့ မြေးတွေ ၊ မြစ်တွေ ၊ တီတွေ ၊ ကျွတ်တွေ
လက်ထက် တိုင်အောက် သမိုင်းတွင် နေဦးမှာပါ ။
အနှစ် တရာမှာ တစ်ယောက် ပေါ်ထွက် ဖို့ ခဲယှဉ်းတဲ့
=============================
နိုင်ငံဂုဏ်ဆောင် ပုဂ္ဂိုလ် တစ်ယောက်ကို
=======================
ယဉ်ကျေး လှပါတယ် ဆိုတဲ့ လူမျိုး ၊
====================
မေတ္တာ တရားနဲ့ ပြည့်ဝတဲ့ ဘာသာဝင်တွေပါ ဆိုတဲ့
=============================
 လူတွေ ကပါ စာပေအဆိပ်မိ ၊ မီဒီယာ အဆိပ်တွေမိပြီး
==============================
ကန့်ကွက်ခဲ့ကြ ၊ ကန့်လန့်တိုက်ခဲ့ကြတော့
=========================
အခြား နိုင်ငံသားတွေ ၊ အခြား လူမျိုးတွေ က
=========================
ပိုပြီး အပုပ်ချ တိုက်ခိုက် လာတာ မဆန်းပါဘူး
==========================
         ဗုဒ္ဓဘာသာ မှာ ငါဘုရားဧ။် သာသနာတော်ကို ဖျက်ဆီးမှာ အခြားသူတွေ မဟုတ်ဘူး ၊ ငါ့ ရဟန်းတွေပဲတဲ့ ၊
         သံကို သံပဲဖျက်လို့
 သံကို သံ ဖျက် သံကြေး တက် ဆိုတဲ့ စကား အလကား မဟုတ်ပါ ။
        အမေရိကန် ရဲုံ့  သမ္မတ ဂျော့ဝါရှင်တန် အတွက်                              ဒီနေ့အထိ သုံးနေတဲ့  ဒေါ်လာငွေစက္ကူ အားဖြင့်
ဝါရှင်တန် ဒီစီ မြို့တော်အားဖြင့် ဂုဏ်ပြု ဖော်ပြနေတာ
သူ မသိနိုင် တော့ ပါဘူး ။
ဂျော့ဝါရှင်တန် မသိပေမယ့် ကျွန်တော် အပါအဝင် တစ်ကမ္ဘာ လုံးက သိပါတယ် ။
          ဒီလို ပါပဲ ၊ အမေစု ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ  ခင်ဗျား ခနဲ့ နေပေမယ့် ၊
ခင်ဗျား မလိုလား ပေမယ့် ။
ခင်ဗျား တို့ အပုပ်ချ တိုက်ခိုက် နေပေမယ့်
နောင် နှစ်ပေါင်း ရာထောင် ချီပြီး  နိုင်ငံဂုဏ် မြှင့်တင်  နေဦးမှာပါ ဆိုတာ  ဖော်ပြရင်း ။
ဖတ်ပေးတဲ့ သူတွေ အားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျာ
                         ထိပ်တင် လတ်

Tuesday 29 November 2016

Monday 28 November 2016

Movie 43 (2012)

ting လဲမကောင်း.. 18+ တွေလဲပါတဲ့ ဇာတ်ကားကို ဘာလို့တင်တာလဲလို့ မေးစရာရှိပါတယ်…
တစ်ခါတစ်လေမှာ စိတ်ရှုပ်ထွေးစရာတွေအပြင်လောကမှာကြုံဆုံနေတဲ့အခါမျိုးမှာ.. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းတဲ့ ဒီလိုဇာတ်ကားမျိုးကြည့်ခြင်းက သင့်ဦးနှောက်ကို အသစ်အဆန်းတစ်မျိုးနဲ့ မိတ်ဆက်ပေးရာရောက်လိမ့်မယ်လို့ ထင်မိလို့ပါ…ဒီဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့ ဒါရိုက်တာပေါင်းများစွာက ဆယ်စုနှစ်တစ်ခုစာလောက်ကြာအောင် ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ကဲ… rating ကတော့မြင်တဲ့အတိုင်းပဲ (Rating- IMDb : 4.3/10 , RT:4 , Matacritis : 18%) ဖြစ်ပါတယ်…အဲ့ဒီရုပ်ရှင်ထဲက Cast တွေအနေနဲ့ ကတော့….…Kate Winslet , Emma Stone , Naomi Watts , Kate Bosworth , Chloe Grace Moretz , Helle Berry , Anna Faris (Scary Movie) , Elizabeth Banks , Uma Thurman , Kristen Bell , Leslie Bibb အစရှိတဲ့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တွေအပြင် Richard Gere , Gerard Butler , Hugh Jackman , Chris Pratt , Terrence Howard , Josh Duhamel , Dannis Quaid ,Gerg Kinner , Jeremy Allen , Stephen merchant , Christopher Mintz-Plasse , Justin Long , Kieran Culkin , Jason Sudeikis , Jimmy Bennet စတဲ့နာမည်ကြီး အမျိုးသားသရုပ်ဆောင်တွေပါဝင်ထားပါတယ်။ဒါတင်မကသေးပါဘူး ၊ ဒါရိုက်တာအနေနဲ့ လည်း Steven Brill, Peter Farrelly, Elizabeth Banks စသည်တို့ အပါအ၀င် စုစုပေါင်းဒါရိုက်တာ 13ဦးရိုက်ကူးပြီး ဇာတ်ညွှန်းပိုင်းမှာလဲ ဇာတ်ညွှန်းရေးဆရာ အယောက် 20အထိပါဝင်ထားတဲ့ဒီရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ရာမှာ အစောကပြောခဲ့သလို ဆယ်စုနှစ်တစ်ခုစာလောက်ကြာမြင့်ခဲ့ပါတယ်။ဇာတ်ညွှန်းကိုထုတ်ဝေသူအများစုကငြင်းပယ်ခြင်း၊ ကမ်းလှမ်းတဲ့သရုပ်ဆောင်တွေကသရုပ်ဆောင်ရန် ငြင်းဆန်ခြင်း ၊ ရိုက်လက်စသူအချို့ ကလဲ ဆက်မရိုက်တော့ဘူးဆိုကာ ရိုက်ကူးရေးမှထွက်ချင်ခြင်း စတဲ့အခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ပြီးနောက် 2013 Junuary 25 မှာထွက်လာခဲ့တဲ့ Movie 43 ဟာ 34ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ Worst Picture, Worst Director, Worst Screenplay စတဲ့ဆုသုံးဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့ အပြင် one of the worst films of all time ရဲ့စာရင်းထဲကိုလဲဝင်သွားခဲ့ပါသေးတယ်။ ကြာမြင့်ချိန် 98 မိနစ်ရှိပြီး Indie / Comedy အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ရိုက်ကူးရေးအတွက် စုစုပေါင်းကန်ဒေါ်လာ 6 မီလီယံ ကုန်ကျခဲ့ပြီး Box office မှာ 32.4 မီလီယံဒေါ်လာထိပြန်ရခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ ……
Calvin Culter နဲ့ သူ့ သူငယ်ချင်း JJ တို့ ဟာ သူတို့ ရိုက်ကူးထားတဲ့ပေါကြောင်ကြောင် Video တစ်ခုကို Youtube မှာ တင်လိုက်ပြီး မိနစ်ပိုင်းတွင်းမှာပဲ သူတို့ ရဲ့ Video ဟာ 1,000,000 view ရသွားတဲ့အခါ အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ ရဲ့အပျော်ဟာကြာကြာမခံလိုက်ပါဘူး…ဘာဖြစ်လို့ ဆိုတော့ အဲ့ဒိ့ viewer အများကြီးတိုးလာတာက Calvin ရဲ့ညီ ကွန်ပျူတာကျွမ်းကျင် Baxter ရဲ့ April Fool’s Prank ဖြစ်နေလို့ ပါ…အရမ်းစိတ်ဆိုးသွားတဲ့ Calvin Culter နဲ့  JJတို့ ဟာ Baxter ကိုပြန်ကလဲ့စားချေဖို့ ကြံစည်ပါတော့တယ်။ သူတို့ ရဲ့အကြံအစည်က Baxter ရဲ့ laptop ထဲကို Virus တွေထည့်ဖို့ ပါပဲ….. သူတို့ လက်စားချေခြင်းရဲ့ပထမအဆင့်အနေနဲ့ ကတော့ Baxter ရဲ့ Laptop ကိုခိုးဖို့ ပါ..အဲ့လိုခိုးဖို့ အတွက် Baxter ကိုသူ့ အခန်းထဲကနေအောင် Movie 43 အကြောင်းလုပ်ကြံပြီးပြောရာကနေပြီး ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ….ဒီရုပ်ရှင်ကိုကြည့်ချင်မိသွားတာက 24 Bad Movies You Forgot Starred Some of Today’s Greatest Actors ဆိုတဲ့ ဆောင်းပါးကိုစဖတ်မိရကပါ။ အဲ့ဒိဆောင်းပါးမှာ moviefone က အဲ့ဒီရုပ်ရှင်အတွက် အားနာမိတဲ့သရုပ်ဆောင်တွေကို ဖော်ပြရမှာ “Kate Winslet & Everyone else” လို့ ဖော်ပြခဲ့လို့ ပါ။ Rating နည်းနည်းလေးပဲရထားပြီး နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ဒီရုပ်ရှင်ဟာ စကြည့်လိုက်တာနဲ့ ဆက်ကြည့်ချင်သွားအောင်ဆွဲဆောင်နိုင်ပါတယ်…. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းပါတယ်။ (ကျနော်ဆို ကြည့်နေရင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်မိပါတယ်… သူ့ ဇာတ်လမ်းတွေက အံ့သြသင့်စရာကောင်းလွန်းလို့ ပါ)..
ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဆိုရင်တော့ ဒီကားလေးကိုလက်လွတ်မခံပဲကြည့်ဖို့ တိုက်တွန်းပါရစေ….။#Nucleon_Review
#Admin_T(ရုပ်ရှင်အညွှန်းကို Nucleon’s FB Page မှကူးယူဖော်ပြပါသည်

www.channelmyanmar.org

Download link www.chanelmyanmar.org

Secret (2007)


 ကျောင်းစတက်တဲ့တစ်ရက်မှာ ကောင်လေးတစ်ယောက်က စန္ဒယားတီးခဲ့တယ်တိုက်တိုက်ဆိုင်ဆိုင် ခပ်လှလှလေးပြုံးတတ်တဲ့ ကောင်မလေးတစ်ယောက်ကိုအဲ့ဒီနေ့မှာတွေ့လိုက်ရတယ် သူတို့၂ယောက်ဟာ ဂီတသံစဉ်တွေ အတူဖန်ဆင်းလိုက် စက်ဘီးလေးတွေအတူစီးလိုက် ပန်းသီးလေးတွေ အတူစားလိုက် ကမ်းစပ်က လေညှင်းလေးတွေရဲ့ပွတ်တူမှုကို ရယ်မောလိုက်နဲ့ ပေါ့ ဒီကားကသာမန်drema အချစ်ဇတ်လမ်းလို့ထင်ခဲ့မိတယ် ပြသချိန် မိနစ် ၄၀လောက်ထိက ကားနံမည်နဲ့ဆိုင်တာဆိုလို့ ကောင်မလေးရဲ့မေးခွန်းတစ်ခုပဲရှိတယ်နင်နဲ့ငါနဲ့စတွေ့တဲ့နေ့တုန်းက ဘာသံစဉ်တွေတီးလိုက်တာလဲတဲ့ မသိဘူးဘာဖြစ်လို့လဲပြန်မေးတော့ ဒါက လျှို့ဝှက်ချက်(secret)တဲ့အချစ်ဇတ်လမ်းတို့ထုံးစံအတိုင်း သုံးပွင့်ဆိုင် ကောင်မလေးနောက်တစ်ယောက်ပါလာခဲ့တယ် ကောင်မလေး ၂ယောက်နဲ့ကောင်လေးတစ်ယောက်ပေါ့ တစ်နေ့တော့ ကောင်လေးဟာ သူ့ချစ်သူကောင်မလေးအထင်အမြင်လွဲစေမဲ့အမှားကြီးတစ်ခုကျူးလွန်မိတယ် အဲ့ဒီနေ့ကစပြီး ကောင်မလေးက ဗြုန်းဆိုပျောက် သွားပါရော ဘယ်မှာမှရှာမတွေ့တော့ဘူး secretဆိုတာကြီးကအဲ့ဒီမှာစတော့တာပဲကောင်မလေးရဲ့လျှို့ဝှက်ချက်ကပဲ အချိုးအကွေ့အလှည့် အပြောင်းဖြစ်သွားစေတယ် ကဲ ပရိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး———– ဒီကားက သံစဉ်တွေနဲ့တည်ဆောက်ထားတယ်ဆိုလည်းမမှားပါဘူး စာအုပ်တွေထဲမှာတော့တွေ့ဖူးတယ်စန္ဒယားသံကို မိုးခြိမ်းသံ စမ်းချောင်းလေး စီးဆင်းသံ ဘီးလူးတစ်ကောင်ရဲ့ဒေါသတစ်ကြီးအော်ဟစ်သံဆိုပြီးခိုင်းနှိုင်းပုံလေးတွေ တွေ့ဖူးပါတယ် စန္ဒယားသံကိုမခံစားတတ်ဘူးဆိုတာထက် မသိနားမလည်တဲ့ ကျွန်တော်တောင် ဇတ်ကားထဲကတီးကွက်တွေကိုစီးမြောသွားတယ်ဂီတသံဇဉ်တွေဘာလို့ခမ်းနားနေရတာလဲစူးစမ်းမိတော့ ဒီဇတ်ကားကိုဖန်တီးသူ ဒါရိုက်တာ Jay chouဟာ ကိုယ်တိုင် အဆိုတော် တေးရေး သရုပ်ဆောင် တူရိယာ၂မျိုးလောက်ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နိုင်သူဖြစ်ပါသတဲ့ ကိုင်း secretဆိုတာဘာလဲစူးစမ်းရင်းနဲ့ ခံစားကြည့်လိုက်ပါဦးလို့ စကားမစပ် ကောင်လေးရော ကောင်မလေးရော တော်တော်ချောတယ်ဗျ ………..ဇာတ်ကားအညွှန်းကိုတော့ ကိုဖြိုးပြည့်ကရေးသားပေးခဲ့ပြီး ဘာသာပြန်ကတော့ AP New School ပဲဖြစ်ပါတယ်ဗျ

Download link channelmyanmar

Monday 3 October 2016

[18+] 3 WOMANS SEX (2013)

[18+] 3 WOMANS SEX (2013)

download link 

Careful What You wish For 18+ (2015) မြန်မာစာတန်းထိုး


Careful What You wish For 18+ (2015) မြန်မာစာတန်းထိုးwww.channelmyanmar.orgမှကူးယူတင်ပြပါသည်
------------------------------------------------------------------------
အလန်းဇာတ်ကားလေးတစ်ကားလာပါပြီ လူ ၁၈ ယောက်စုကြည့်ပါ xD 

ဒေါ့ခ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ အိမ်ချင်းကပ်လျက်က ခြံကို လင်မယားနှစ်ယောက် ပြောင်းလာတယ်။ ယောက်ျားဖြစ်သူက ဘဏ်သူဌေးတစ်ယောက်ဖြစ်ပြီး မိန်းမကငယ်ငယ်ချောချောပါ။ ဒါပေမဲ့ တခြားအမျိုးသားတွေကို စိတ်ဝင်စားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အဲဒီအိမ်ကိုရောက်ပြီးပြီးချင်း တစ်ဖက်ခြံကဒေါ့ခ်ကို ရင်းနှီးမှုရဖို့ ကြိုးစားတယ်။ စိတ်ကစားတတ်တဲ့ ဒေါ့ခ်အနေနဲ့ အမျိုးသမီးရဲ့ ဖြားယောင်းမှုအောက်ကို အချိန်တိုတိုအတွင်းမှာပဲ ပါသွားခဲ့တယ်။ဒီအမျိုးသမီး လီနာက သူ့ယောက်ျားက ဘယ်လိုဂရုမစိုက်တာ၊ နှိပ်စက်တတ်တာတွေကို ဒေါ့ခ်ကိုပြောပြပြီး ဒေါ့ခ်ရဲ့မေတ္တာကို ရအောင်ယူတယ်။ သူတို့နှစ်ယောက်ဟာ လစ်ရင်လစ်သလို အတူတူနေကြတယ်။ မနူးမနပ်အ ရွယ်ဒေါ့ခ်က လီနာအပေါ်မှာ တော်တော်လေး စွဲလမ်းသွားမိတယ်။ ဒါပေမဲ့ သူကြိုက်နေတဲ့ အမျိုးသမီးက အိမ်ထောင်သည်တစ် ယောက် ဖြစ်နေတာကြောင့် သူ့ဇာတ်လမ်းကို သူငယ်ချင်းအရင်းကိုတောင် ပြောပြတာမျိုးမလုပ်ခဲ့ဘူး။ ဒေါ့ခ်ရဲ့မိဘတွေကလည်း ဒီအဖြစ်အပျက်ကို မရိပ်မိဘူး။တစ်ရက်မှာတော့ လီနာက သူ့ကိုအရေးတကြီးအကူအညီ တစ်ခုတောင်းတယ်။ သူ့ယောက်ျားဖြစ်သူနဲ့ ရန်ဖြစ်ရင်းက သူသတ်မိခဲ့ကြောင်းနဲ့ ဒီအလောင်းကို ဖျောက်ပေးဖို့ဆိုပြီး ဒေါ့ခ်ကို ပြောတယ်။ ဒေါ့ခ်အနေနဲ့ကလည်း မွှန်နေတဲ့အချိန်ဖြစ်တာကြောင့် သူ့ယောက်ျားကို သူ့ဟာသူလှေစီးရင်း သေသွားတဲ့ပုံစံဖြစ်အောင်လုပ်ပြီး ဖျောက်ဖျက်ပစ်လိုက်တယ်။ သူတို့ အထင်ကတော့ ဒီကိစ္စကတော့ သာမန်လူသေမှုတစ်ခုအဖြစ်နဲ့သာပြီးဆုံးသွားမယ်လို့တွက်ခဲ့ကြတယ်။ဒါပေမဲ့ လီနာ့ယောက်ျားရဲ့ သေဆုံးမှုက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ သူဌေးကြီး တစ် ယောက်ရဲ့သေဆုံးမှုနောက်မှာသူပိုင်ဆိုင်တဲ့ငွေကြေးတွေနဲ့ သန်းနဲ့ ချီတဲ့ အသက်အာမခံကြေးကိစ္စ တွေရှိနေသေးတာကြောင့်ဒေသ တွင်းရဲတပ်ဖွဲ့တွေအပြင် အာမခံ ကုမ္ပဏီကစေလွှတ်တဲ့ စုံစမ်းစစ် ဆေးသူတွေပါ ရောက်လာတဲ့အ ချိန်မှာတော့ ဒီအမှုကို အသေး စိတ်စုံစမ်းမှုတွေ ပြုလုပ်ပါတော့ တယ်။ တကယ်တော့ ဒီလူသတ် မှုကို အကွက်ကျကျစီစဉ်ပြီး လူ ငယ်လေးဒေါ့ခ်ကို ဆွဲသွင်းတဲ့သူ က တခြားသူတော့မဟုတ်ပါဘူး။ ဒေါ့ခ်ကြိုက်နေတဲ့ အမျိုးသမီးလီ နာကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒီအ
asafdရှုပ်တွေထဲက ဒေါ့ခ်တစ်ယောက် ပြန်ပြီးရုန်းထွက်နိုင်၊ မထွက်နိုင်ဖို့ ဆိုတာတော့ …။

Review မှာ 7daydaily မှ ဖြစ်ပါသည်


Download Link

Vigilante Diaries (2016) မြန်မာစာတန်းထိုး

Vigilante Diaries ဇာတ်ကားက Rating 5.3 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
၉၀ပြည့်နှစ်များက သူရဲကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကြမ်းပါ
ဒီဇာတ်ကားမှာ လျှို့ဝှက်စစ်ဆင်ရေးလုပ်တဲ့ အေးဂျင့်တွေဟာ ရာဇဝတ်သားဘဝကိုရောက်သွားတဲ့ ပုံမျိုးတင်ဆက်ထားတာပါ
ရသစုံစုံလင်လင် ခံစားရမှာဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောနေစရာမလိုလောက်အောင် ကောင်းတဲ့ကားလေးပါ
Jason Mewesနှင့် Paul Salonတို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Christian Sesmaဖြစ်ပါတယ်
(ဇာတ်လမ်း အညွန်းကိုတော့ မမ Bommy Chan မှရေးပေးထားတာဖြစ်ပါတယ်)

Friday 9 September 2016

လွှမ်းမိုး.လက်ေ၇ွးစင်​​တေးများ { 2 }

၁..မမ

၂.မိုးပွင့်​ကြားက  မျက်​၇ည်​များ

၃.​မောင်​နဲ့ လိုက်​ဦးမလား

၎.ခိုးလို့ ခုလု

၅.သား​လေး​မွေး၇င်​ ကိုယ့်​နာမည်​​ပေးပါ

၆.မမ ချစ်​သူ​နွေ

၇.အခု​တော့ ပါးစပ်​၇ာဇဝင်​​လေးတစ်​ခုဖြစ်​ခဲ့ပြီ

၈.​မောင်​​မေးမယ်​​မေး

၉.လွှမ်းမိုးဟု​ခေါ်သည်

၁၀.ကိုယ့်​ဘဝကို နားလည်​ပါ

၁၁.၇က်​ကွက်​ထဲမှာ ဒီလိုပဲ

၁၂.​မျှော်​လင့်​ခြင်း ၇က်​စွဲ​လေးများ

၁၃.မန္တ​လေးက ​ဒေဝီ

၁၄.ဟိုအကိုကြီး၇ဲ့ မခင်​နှင်းဆီ

အောက့်​လင့်​မှာ​ဒေါင်းပါ

သီးချင်​​ဒေါင်းရန်​နိပ်​ပါ


Sunday 28 August 2016

ကိုရီယာ မြန်မာစာတန်းထိုး

ဒုတိယ နှစ်ကို ကျောင်းခဏခဏ ပြောင်းနေရတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်
ဘာလို့လဲ ဆိုတော့ အဲ့ဒီကောင်မလေး အနားကပ်တဲ့သူတိုင်း သေရင်သေ မသေရင်
ကံဆိုးကုန်ကြလို့ပါပဲ ဒါကြောင့် ကောင်မလေး ကိုယ်တိုင်ကလဲ သူ့အနားကို
ဘယ်သူမှ မကပ်အောင် သေချာ အမြဲတမ်း ဂရုစိုက်ပြီး နေခဲ့ပါတယ်
ဒါပေမယ့် ကံဆိုးချင်တော့ သူ့ကို ကြိုက်တဲ့ ကောင်လေး ၄ ယောက်နဲ့
ဆုံတွေ့လာတဲ့ အခါမှာတော့…
ဒီဇတ်လမ်းတွဲ အစအဆုံးကို CM Translator Moe Myint Lwin မှ ဘာသာပြန်ပေးထားပါတယ်
(Thit San Khant)
Channelmyanmar မှကူးယူတင်ပြပါသည်
ရပိုင်းရှိပါတယ်


အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
ဇာတ်သိမ်းပိုင်း

Saturday 27 August 2016

Mr. Vampire (1985) မြန်မာစာတန်းထိုး

အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ..အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ 😀
ကျွန်တော်တို့ CM မှာ ဇာတ်ကားကောင်းကောင်းအဟောင်းလေးတွေ..အပြင်မှာလည်းရှာဖို့မလွယ်တော့
တဲ့ ဇာတ်ကားကောင်းလေးတွေကိုတင်ဆက်ချင်တဲ့စိတ်ရှိတာကြောင့် အခု 1985 မှာ ထွက်ရှိထားတဲ့
Mr. Vampire ကားတွေရဲ့ ပထမဆုံး ဇာတ်ကားကို ကိုယ်တိုင်ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်..
အခုကြည့်မယ့်သူတွေကတော့ဘယ်လိုနေမလဲမသိဘူး..ကျွန်တော်ကတော့ ပြန်ကြည့်လိုက်တာ
ကိုယ့်ကိုယ်ကို ပြန်ငယ်သွားသလိုခံစားရပါတယ် 😀ဇာတ်လမ်းအညွှန်းကိုပေးဖို့လုပ်တဲ့အခါမှာ ကျွန်တော်စဉ်းစားမိတာက ဒီဇာတ်ကားတွေရဲ့အညွှန်းကို
ထွေထွေထူးထူးပေးစရာမလိုဘူးဆိုတဲ့အကြောင်းပါ..အားပေးတဲ့ပရိတ်သတ်ကိုမလေးမစားလုပ်တာ
မဟုတ်ရပါဘူး..အားလုံးသိပြီးသားဖြစ်မယ်လို့မျှော်လင့်ထားမိလို့ပါ..ဒါပေမယ့်မသိသေးတဲ့သူတွေ
အတွက်နည်းနည်းလောက်တော့မိတ်ဆက်ပေးပါမယ်..ခပ်တိုတိုလေးပဲမိတ်ဆက်လိုက်ပါမယ်..
ရရှိထားတဲ့ IMDb Rate ကတော့ 7.6 ပဲဖြစ်ပါတယ်..ဆရာကော့ ဟာ သရဲနိမ်နင်းတဲ့ဆရာတစ်ယောက်ပါ..သူ့မှာ တပည့်၂ဦးရှိပါတယ်..တစ်ရက်မှာ
သူငှေးကြီးတစ်ဦးက သူ့အဖေရဲ့ အုတ်ဂူကိုပြန်ဖေါ်ဖို့ကြိုးစားရာကနေ သူ့အဖေဟာ ဖုတ်ကောင်ဖြစ်
လာပြီးတော့ ဆရာကော့နဲ့ တပည့်၂ဦးတို့နိမ်နင်းကျတဲ့ဇာတ်လမ်းပုံစံပါပဲ..ဒါက အကျဉ်းချုပ်ပါ
ဟာသလေးတွေ..တပည့်၂ဦးရဲ့ တလွဲလုပ်တာလေးတွေ..စတဲ့ ရိုက်ကွက်တွေကိုကြည့်ရှု ရင်း
ငယ်ဘ၀ကို ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ကြပါဦးလို့ ပြောကြားလိုက်ပါတယ်..[ အကြည်ဆုံးရှာပြီးတင်ပေးထားပေမယ့် ခေတ်ကာလကွာခြားမှုများကြောင့် ကွာလတီကွာခြားမှုရှိပါသည်]Filesize : 604 MB
Quality : DvdRip
Format : mp4
Run Time : 1h 36 min
Subtitle : Myanmar Subtitle (Hardsub)
Translated By LK
Encoded By LK


Blood Father (2016)


Blood Father: An ex-con reunites with his estranged wayward 16-year old daughter to protect her from drug dealers who are trying to kill her.

Currently 87.40/100
(183 votes)
Ratings: IMDB: 8.7
Released: August 12,2016
Runtime: 88 mins
Genres:
Action
Countries:
France
Director: Jean-François Richet
Actors:
Diego Luna Erin Moriarty Mel Gibson Michael Parks

အောက့်ကလင့်မှာဒေါင်းပါ

Download video and play video



Bastille Day (2016)

Bastille Day: A young con artist and former CIA agent embark on an anti-terrorist mission in France.

Currently 81.22/100
(18 votes)
Ratings: IMDB:
Released: April 22,2016
Runtime: 92 mins
Genres:
Action Drama
Countries:
France UK USA
Director: James Watkins
Actors:
Idris Elba Kelly Reilly Richard Madden


အောက့်ကလင့်မှာဒေါင်းပါ

Friday 26 August 2016

Tamjung Hong Gil-dong Sarajin Ma-eul (2016)

Tamjung Hong Gil-dong Sarajin Ma-eul: HONG Gildong is an infallible private detective with an exceptional memory and quirky personality. While chasing the only target he failed to find, he gets entangled in a much bigger conspiracy than he bargained for.

Currently 64.00/100
(5 votes)
Ratings: IMDB: 6.5
Released: May 20,2016
Runtime: 125 mins
Genres:
Action
Countries:
South Korea
Director: Sung-Hee Jo

အောက်မှာကြည့်ရန်ဒေါင်းရန်

Hard Target 2 (2016)အသစ်စက်စက် ကြိုက်သူများအတွက်

၂၀၁၆အသစ်ကြိုက်သူများအတွက်
မနေ့ကမှထွက်ရှိထားတဲ့ကားသစ်ပါ
အောက့်မှာကြည့်ရန်ဒေါင်းရန်





ဂျက်ကီချမ်း မြန်မာစာတန်းထိုး

Jackie cahan ကားကြိုက်သူများအတွက်
မြန်မာစာတန်းထိုး 



ကြည့်ရန်

 

Who Am I: No System Is Safe မြန်မာစာတန်းထိုး

တိုက်ရိုက်ကြည့်လို့ရအောင်
youtubeကနေတင်ပေးထားတယ်






Thursday 25 August 2016

Never Gone (2016) မြန်မာစာတန်းထိုး

Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama, Romance အမျိုးအစားဖြစ်ပါတယ်။IMDb Rating (6.2/10) ရရှိထားတဲ့နာမည်ကြီးဇာတ်ကားပါ။Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။
အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့ သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။
ဘယ်လိုကံကြမ္မာတွေပဲဝင်ရောက်လာလာ …အနားမှာရှိရှိ..မရှိရှိ.. အချစ်ဆိုတာ ရင်ထဲမှာထာဝရကိန်းအောင်းနေမယ့် နှလုံးသားတစ်ခုပဲမဟုတ်ပါလား။
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုစိတ်ဝင်စားစရာတွေပါနေလို့ Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။( ဒီကားလေးရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ Moe Myint Lwin ဘဲဖြစ်ပါတယ်။ )

ကူးယူတင်ပြပါသည် 





တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန်

နိပ်ပါ





ဗရုတ်သုတ်ခ


ဗရုတ်သုတ်ခ

ဇေရဲထက်
ရွှေမှုံရတီ


Aပိုင်း


Bပိုင်း


နောက်လူ လူနောက်


နောက်လူ လူနောက်

ခန့်စည်သူ
ရာဇာနေဝင်း
ပိုးအိအိခန့်

A ပိုင်း



Bပိုင်း





အဖေ့ကျောင်း


အဖေ့ကျောင်း
ရဲတိုက်
ချစ်သူဝေ

Aပိုင်း


Bပိုင်း


Wednesday 24 August 2016

The.Scent မြန်မာစာတန်းထိုး



The-Scent-2012
The Innocent Man ကိုရီးယားဇာတ်လမ်းတွဲထဲမှာ မိန်းမမာယာတွေကို အပြည့်အဝအသုံးချတဲ့ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီး Park Si‑yeon ကိုဒီဇာတ်ကားထဲမှာလဲညှို့အားပြင်းဇာတ်ဆောင်အဖြစ်တွေ့မြင်ရဦးမှာပါ။မင်းသားကတော့ Hee‑soon Park ပါ။ဒီဇာတ်ကားကိုကြည့်ပြီးရင် မင်းသမီး Park Si‑yeon ကိုမှတ်မှတ်ရရရှိသွားဖို့များပါတယ်။
ဇာတ်လမ်းကတော့….စုံထောက် Kang Seon‑woo ဟာ အိမ်ထောင်ရေးပြသနာတွေကိုဖြေရှင်းပေးနေတဲ့ အလွတ်စုံထောက်အလုပ်ကို တစိုက်မတ်မတ်လုပ်သူပါ…တစ်နေ့မှာတော့ Kim Soo‑jin ဆိုတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီး သူ့ယောက်ျားဖောက်ပြန်နေကြောင်းနဲ့ အဲ့ဒီ့အတွက်စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အလုပ်တစ်ခုလာအပ်ပါတယ်….စုံစမ်းစစ်ဆေးဖို့သွားကြတဲ့ညမှာပဲ စုံထောက် Kang Seon‑woo တစ်ယောက် မိန်းမမာယာနဲ့လုပ်ကြံခံလိုက်ရပါတယ်…သူနှိုးလာတော့ သူ့ဘေးမှာအလောင်းနှစ်လောင်းနဲ့ အရှုပ်ထုပ်ထဲ ချောက်ကျပြီဆိုတာသိလိုက်ရပါတယ်…ဒီကိစ္စကိုဖြေရှင်းကိုအစွမ်းကုန်ကြိုးစားရင်း မင်းသမီး Park Si‑yeon နဲ့အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင်ကျဲကြရမယ့် ဇာတ်လမ်းမျိုးပါ။
ဟာသမင်းသား Lee Kwang‑soo လဲပါဝင်ထားတာကြောင့် ဇာတ်လမ်းကသွက်ပါတယ်….မင်းသမီး Park Si‑yeon ရဲ့ Nude Scene တချို့ကြောင့် (18+) ဖြစ်သွားပေမယ့် ဇာတ်လမ်းကတော့ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ စုံထောက်ဆန်ဆန်ဇာတ်လမ်းမျိုးပါ။IMDb Rating (5.7/10)ရရှိထားတဲ့ ကိုရီးယားဇာတ်ကားဖြစ်ပါတယ်။

File size…(800MB)
Quality…HD-Rip 720p
Format…mp4
Duration….01:58:04
Subtitle….Myanmar Subtitle (Hardsub)
  1. Encoder….Nyeinsaeya Aung

အောက်မှာဒေါင်းပါ

Daylight's End (2016) မြန်မာစာတန်းထိုး နှစ်တွေက တဖြည်းဖြည်းနဲ့တိုက်စားပြီး ကမ္ဘာကြီးကို ပျက်စီးမှုအတွက်နဲ့လူသားတွေကို ဆာလောင်နေတဲ့ အရိုင်းအစိုင်း သားရဲများ အဖြစ်ပြောင်းလဲ သွားရာမှရည်ရွယ်ချက်မဲ့ လက်စားချေလိုတဲ့ လူတစ်စုက အသက်ရှင်ရပ်တည်နိုင်ဖို့ ဘယ်လိုတွေများ ကြိုးစားရှင်သန် ရမလဲ သွေးဆာနေတဲ့ အရိုင်းအစိုင်းကောင်တွေကို ဘယ်လိုများရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးက ဆက်လက်ဒေါင်းယူ ရှူ စားကြရမှာဖြစ်ပါတယ် www.channelmyanmar.orgမှကူးယူတင်ပြပါသည်


www.channelmyanmar.org မှကူးယူတင်ပြပါသည် ဂျက်ကီချမ်း ကားကြိုက်သူများအတွက် ၂၀၁၆ အသစ်စက်စက်ပါ


ဒေါင်းရန်လင့်ပါ https://my.pcloud.com/publink/show?code=XZS6V2Z1zmf5VLLLw4HLHEbBXnmEyq2EsgV

2016 အသစ်ကြိုက်သူများအတွက် ရောမကားအသစ်စက်စက်


ဒေါင်းရန်လင့်ပါ
http://vodlocker.com/3vu5uzdp7xva

၂၀၁၆ အသစ်ကြိုက်သူများအတွက်



အသစ်ကြိုက်သူများအတွက်

http://vodlocker.com/v2i70l8lawrc