Friday 2 December 2016

အမေ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆု

.  
 

 *  စာပေ အဆိပ်  ၊  မီဒီယာ အဆိပ်  *
         ======================

         အမေ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ငြိမ်းချမ်းရေး နိုဗယ် ဆုကို ပြန်ရုပ်သိမ်းပါ ၊ ပြန်ရုပ်သိမ်းပါ နဲ့  အော်လာခဲ့တာ  မြန်မာနိုင်ငံ ထဲက ဖွတ်တွေရော မျိုးဂိ တွေရော ၊ ပြည်တွင်း ကုလားရော ၊ ပြည်ပကုလားတွေရော  ဆိုတော့ ကျွန်တော် ရှင်းပြဖို့
အချက်အလက်တွေ လိုက်ရှာ လိုက်တာ နဲနဲတော့ ရလာတယ် ။
          ဒီနေ့ မြန်မာနိုင်ငံ ထဲက ဖွတ်တွေ ၊ မျိုးဂိတွေကို
အဆိပ်ခတ် လိုက်တာ စစ်လော်ဘီတွေပါ ။ အဲဒီ အထဲမှာ
USA က ဒေါက်တာ ဥာဏ်အောင် နဲ့ အခြားလူတွေပါတယ် ။
          ကုလားတွေ အတွက် ဒေါက်တာ အေးချမ်းတို့
ဌေးလွင်ဦး တို့  ဘင်္ဂလီ ရွှေမောင် တို့ ပါတယ် ။
          ကျွန်တော် လေ့လာ မိသလောက် ကတော့
အခြေခံ လူတန်းစား မြန်မာ တွေ  Internet Online
ကောင်းကောင်း သုံးစွဲ လာနိုင်တာ  2012 . 2013 လောက် မှာပါ ။ လေ့လာ နိုင်ပါတယ် ။
           2011 နဲ့ ရှေ့ပိုင်း Internet  Online ၊  Facebook တွေ သုံးတဲ့ သူတွေဟာ
ပိုက်ဆံ ရှိ အသိုင်းအဝိုင်း နဲ့  အစိုးရပိုင် ဌာနဆိုင်ရာ အသိုင်းအဝိုင်းတွေ ပါပဲ ။
နိုင်ငံခြား ကနေ နိုင်ငံရေး သွေးထိုး ခဲ့တာ ၊ အဆိပ်ခတ်ခဲ့တာ  မြန်မာနိုင်ငံ မငြိမ်မသက် ဖြစ်မှ
အနေအစား ချောင်တဲ့ လော်ဘီ တွေ ကြောင့်ပါပဲ ။
           အဲဒီ အထဲမှာ အစိုးရလော်ဘီ တွေ ပါသလို ၊
ဘာသာရေး လူမျိုးရေး သွေးထိုးတဲ့ လော်ဘီတွေ အများကြီး တွေ့ရပါတယ် ။
            2012 မှာ ဦးသိန်းစိန် နိုဗယ်ဆု ရ မရ ဆိုတဲ့
မေးခွန်း တွေနဲ့အတူ  လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာ
RFA ရဲ့  Facebook သတင်းပါပဲ ။ ( စကင်ရှော့ နဲ့ ပုံ တင်ထားပါတယ် )
          ဒီလို နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် ၊ သွေးထိုး ခဲ့ကြ တာ အခုဆိုရင် ပြည်တွင်းလော်ဘီတွေတောင်
တော်တော် များလာပါပြီ ။
          အဆိုးဆုံးက  မိမိ နိုင်ငံသားတွေ ဆင်းရဲနေတာ ၊
စိတ်မချမ်းမသာ ဖြစ်နေတာ ၊ မငြိမ်းချမ်းတာတွေကို
လှစ်လျှူရှူပြီး  သူတို့သာ နေရာရဖို့ ၊ သူတို့သာ ကောင်းစားဖို့  အတွေးတွေနဲ့  ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
အမေ ဒေါ်အောင်ဆန်းစုကြည်ကို  ပြောင်ပြောင်တင်းတင်း တိုက်ခိုက် လာခဲ့ကြတာပါပဲ ။
          ငြိမ်းချမ်းရေး နိုဗယ်ဆု ဆိုတာ လွယ်လွယ်နဲ့လဲ မပေးသလို ၊ လွယ်လွယ်နဲ့ လဲ မရပါဘူး ။
    ဆု ရွေးချယ်ရေး အဖွဲ့ဟာ သေသေချာချာ စီစစ်ပြီးမှ
ပေးရတာပါ ။ ဒါကို နိုဗယ်ဆု အကြောင်းလေးတောင် မသိပဲ  မိုက်ကယ်လ် အဲရစ် ရဲ့  သွားရောက် အသနားခံမှူကြောင့် ဆု ရရှိတာပါ ၊ ဘာညာနဲ့ ပေါက်ကရ ပြောဆို နေကြတာဟာ စာပေ အဆိပ်မိတာပါပဲ ။
          ALFRED  NOBLE  ဆိုတာ သိပ္ပံပညာရှင် တစ်ယောက်ပါ ။  ပထမဆုံး ဒိုင်းနမိုက် ကို တည်ထွင်ခဲ့သူပါ ။ သူတည်ထွင်တဲ့ ဒိုင်းနမိုက်ကြောင့်
လူတွေ အများကြီး သေဆုံးတာကို နောင်တ ရပြီး
သူ့ ဘဝ သက်တမ်းတစ်လျှောက် ရှာဖွေရသမျှကို
ပြန်ပြီး အလျော်ပေးခဲ့တာပါ ။
         1901 ခုနှစ် မှာ စတင်ပြီး နိုင်ငံအချင်းချင်း
လူမျိုး အချင်းချင်း ချစ်ကြည်ဖို့ ၊ ကိုယ်ကျိုးစွန့်သူတွေကို
ချီးမြှင့်ခဲ့ပါတယ် ၊ နည်းပညာ အားဖြင့် အကျိုးပြုသူတွေကို
လည်း ချီးမြှင့် သလို ၊ လူမှုရေး စွမ်းဆောင်သူတွေ ကိုလည်း ချီးမြှင့်ခဲ့ပါတယ် ။
           အခု ဆိုရင် အမေ ဒေါ်အောင်ဆန်းစုကြည် ဟာ
သူ့ရဲ့  ငြိမ်းချမ်းရေး နိုဗယ်ဆု ကို ပညာရေး အတွက်
မြန်မာနိုင်ငံ ရဲ့ နိုင်ငံ ဂုဏ်ဆောင်ပြီး  လှူဒါန်းပြီးပါပြီ ။
************************
            ငြိမ်းချမ်းရေး နိုဗယ်ဆု ရှင်တစ်ယောက်
မြန်မာနိုင်ငံ မှာ ပေါ်ပေါက် ခဲ့ဖူးပါတယ် ဆိုတာ
ကျွန်တော် တို့ မြေးတွေ ၊ မြစ်တွေ ၊ တီတွေ ၊ ကျွတ်တွေ
လက်ထက် တိုင်အောက် သမိုင်းတွင် နေဦးမှာပါ ။
အနှစ် တရာမှာ တစ်ယောက် ပေါ်ထွက် ဖို့ ခဲယှဉ်းတဲ့
=============================
နိုင်ငံဂုဏ်ဆောင် ပုဂ္ဂိုလ် တစ်ယောက်ကို
=======================
ယဉ်ကျေး လှပါတယ် ဆိုတဲ့ လူမျိုး ၊
====================
မေတ္တာ တရားနဲ့ ပြည့်ဝတဲ့ ဘာသာဝင်တွေပါ ဆိုတဲ့
=============================
 လူတွေ ကပါ စာပေအဆိပ်မိ ၊ မီဒီယာ အဆိပ်တွေမိပြီး
==============================
ကန့်ကွက်ခဲ့ကြ ၊ ကန့်လန့်တိုက်ခဲ့ကြတော့
=========================
အခြား နိုင်ငံသားတွေ ၊ အခြား လူမျိုးတွေ က
=========================
ပိုပြီး အပုပ်ချ တိုက်ခိုက် လာတာ မဆန်းပါဘူး
==========================
         ဗုဒ္ဓဘာသာ မှာ ငါဘုရားဧ။် သာသနာတော်ကို ဖျက်ဆီးမှာ အခြားသူတွေ မဟုတ်ဘူး ၊ ငါ့ ရဟန်းတွေပဲတဲ့ ၊
         သံကို သံပဲဖျက်လို့
 သံကို သံ ဖျက် သံကြေး တက် ဆိုတဲ့ စကား အလကား မဟုတ်ပါ ။
        အမေရိကန် ရဲုံ့  သမ္မတ ဂျော့ဝါရှင်တန် အတွက်                              ဒီနေ့အထိ သုံးနေတဲ့  ဒေါ်လာငွေစက္ကူ အားဖြင့်
ဝါရှင်တန် ဒီစီ မြို့တော်အားဖြင့် ဂုဏ်ပြု ဖော်ပြနေတာ
သူ မသိနိုင် တော့ ပါဘူး ။
ဂျော့ဝါရှင်တန် မသိပေမယ့် ကျွန်တော် အပါအဝင် တစ်ကမ္ဘာ လုံးက သိပါတယ် ။
          ဒီလို ပါပဲ ၊ အမေစု ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ  ခင်ဗျား ခနဲ့ နေပေမယ့် ၊
ခင်ဗျား မလိုလား ပေမယ့် ။
ခင်ဗျား တို့ အပုပ်ချ တိုက်ခိုက် နေပေမယ့်
နောင် နှစ်ပေါင်း ရာထောင် ချီပြီး  နိုင်ငံဂုဏ် မြှင့်တင်  နေဦးမှာပါ ဆိုတာ  ဖော်ပြရင်း ။
ဖတ်ပေးတဲ့ သူတွေ အားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျာ
                         ထိပ်တင် လတ်

No comments:

Post a Comment